ep33💜

1K 48 4
                                    

ရိပေါ်တို့နှစ်ယောက်အချစ်တွေအပြည့်နဲ့ခေါက်ဆွဲလေးစားပြီးတဲ့နောက်မှာချစ်ရတဲ့ကိုယ်၀န်သည်လေးကိုထိုင်စောင့်ခိုင်းကာစားထားတဲ့ပန်းကန်လေးတွေဆေးနေတာမလို့အပေါ်မတက်ခိုင်းသေးဘဲထိုင်စောင့်ခိုင်းခြင်း

"ကိုကိုကလေနောက်ကျောဘက်ကိုကြည့်နေရတာတောင်အရမ်းစမတ်ကျတာပဲ"

"ကိုယ့်ရဲ့ယောင်္ကျားကိုမြှောက်ရတော့ပျော်ရဲ့လားbunnyလေးရဲ့"

"အဟိပျော်တယ်ကိုကို့လိုကောင်လေးကိုပိုင်ဆိုင်ထားရလို့ပိုလို့တောင်ပျော်သေးတယ်"

"ကိုကိုကလည်းbunnyလိုချစ်ဖို့ကောင်းပြီးချွဲတက်တဲ့ယုန်လေးကိုပိုင်ဆိုင်ရလို့ပျော်ပါတယ်ဗျာ...... ကဲရပြီပန်းကန်ဆေးပြီးသွားပြီ အပေါ်တက်နားလို့ရပါပြီ"

"ဟုတ်ကိုကို"

"လာကိုကို့လက်ကိုတွဲ"

"ဟုတ်ကိုကို"

ရှောင်းကျန့်လည်းသူ့ကိုကိုရဲ့လက်လေးကိုတွဲလိုက်ပြီးမီးဖိုချောင်ထဲကထွက်ကာလှေကားကိုလည်းဖြည်းဖြည်းချင်းတက်ပြီးအခန်းထဲ၀င်လိုက်တယ်

'သူများတွေအတွက်ကိုကို့ရဲ့အပြုအမူတွေကအကဲပိုလွန်းတယ်လို့ထင်ချင်ထင်ကြလိမ့်မယ် ဒါမဲ့သူ့အတွက်ကတော့ကိုကိုရဲ့ဂရုစိုက်မှု‌တွေကိုနည်းနည်းလေးမှအကဲပိုတယ်လို့မခံစားရဘူး သူ့အတွက်တော့ကိုကို့ရဲ့ဂရုစိုက်မှုတွေသူ့တစ်ခုခုဖြစ်မှာကိုအမြဲတွေးပူပြီးစိုရိမ်ပေးတာတွေကိုမြတ်နိုးတယ် ဒါသူ့ကိုချစ်လွန်းလို့ပြုမူတာလေ မချစ်မနှစ်သက်ရင်ဒီလိုအပြုအမှုတွေဆိုတာရှိလာမဟုတ်ဘူး တကယ်လို့ရှိလာရင်လည်းခံစားချက်အစစ်အမှန်တွေမဟုတ်ဖူးလေ အဲ့ကြောင့်ကိုကိုသူ့ကိုအမြဲအရိပ်တကြည့်ကြည့်နဲ့ဂရုတစိုက်လုပ်ပေးတာကိုပဲအပိုတွေလုပ်‌နေတယ်လို့မခံစားရဘဲကျေကျေနပ်နပ်ဖြစ်နေတယ် ကိုကိုအဲ့လိုအပြုအမူတွေဆက်မလုပ်တော့ရင်သူလည်းဟာ‌တာတာတွေဖြစ်မှာတော့အမှန်ပင်'

"bunnyလေးဘာတွေတွေးနေပြန်တာလဲ ဒီနေ့တော်တော်တွေးနေတယ်နော်"

'ဟောခုပဲကြည့်လေသူ‌အတွေးထဲရောက်နေတာသိသွားပြန်ပြီ အဲ့လိုသူဘာဖြစ်နေတယ်ဆိုတာကိုတောင်တန်းသိနေတဲ့ကိုကိုပါလေ '

Ko Ko, Please love me 🍀Waiting For U🍀Tempat cerita menjadi hidup. Temukan sekarang