ep18💜

1.8K 119 4
                                    

ရှောင်မားရယ်၀မ်မားရယ်ရှောင်းကျန့်ရယ်ရိပေါ်ရယ်ခန်းဝင်ပစ္စည်းတွေ၀ယ်ဖို့နဲ့၀တ်စုံ၀ယ်ဖို့အတွက်ပေကျင်းရဲ့နာမည်ကြီးshopping mallတစ်ခုကိုသွားလိုက်ကြတယ်

ကုန်တိုက်ကိုရောက်တဲ့အခါကျတော့ရှောင်မားကနေပြီး

"သားလေးနဲ့ရိပေါ်တို့ကမင်္ဂလာ၀တ်စုံရောင်းတဲ့ဆိုင်ကိုသွားပြီးကြိုက်တဲ့၀တ်စုံသွားကြည့်ပြီး၀ယ်လိုက်ကြ မားတို့ကခန်းဝင်ပစ္စည်းတွေသွား၀ယ်မယ် သားတို့အရင်ပြီးရင်လည်းကုန်တိုက်မှာလျှောက်ပတ်ကြည့်ကြပေါ့ မားတို့ဝယ်ပြီးရင်ဖုန်းဆက်လိုက်မယ် ဟုတ်ပြီလား"

"ဟုတ်မား အဲ့ဆိုသားတို့၀တ်စုံဆိုင်ကိုသွားလိုက်မယ် "

"အေးအေး"

"မမရှောင်သားလေးတို့လည်း၀တ်စုံ၀ယ်ဖို့သွားကြပြီဆိုတော့ညီမလေးတို့လည်းခန်းဝင်ပစ္စည်းရောင်းတဲ့ဆိုင်ကိုပဲအရင်သွားပြမလား"

"အွန်းသွားကြမယ်လေညီမလေးဝမ် တို့တွေ‌ဖြည်းဖြည်း၀ယ်ရအောင်ဒါမှသားလေးတို့လျှောက်ပတ်ကြည့်လို့ရပြီးdateပြီးသားဖြစ်သွားအောင်"

"မမရှောင်အကြံကောင်းတယ် ညီမလေးတို့ဖြည်းဖြည်း၀ယ်ကြတာပေါ့"

"အိုခေ သွားကြမယ်"

"ဟုတ်မမရှောင်"

ရှောင်မားနဲ့၀မ်မားကတော့သူတို့သားတွေကြိုက်တဲ့အရောင်တွေကိုလည်းသိပြီးသားဆိုတော့ခန်းဝင်ပစ္စည်းဆိုင်ရောက်တာနဲ့တစ်ခါတည်းအဲ့အရောင်နှစ်ရောင်ထဲကပဲအကောင်းဆုံးတွေပြခိုင်းပြီးစိတ်ကြိုက်၀ယ်နေကြတယ်

တစ်ဖက်ကရိပေါ်နဲ့ရှောင်းကျန့်ကတော့၀တ်စုံတွေကိုစိတ်ကြိုက်ရွေးနေကြတယ်

"ကိုကိုဘာရောင်၀တ်မလဲ ကျွန်‌တော်ကတော့ကိုကိုကြိုက်တာပဲလိုက်၀တ်မယ် "

"ရှောင်းကျန့်ကလည်းအကိုကြိုက်တာပဲမလုပ်နဲ့လေ ရှောင်းကျန့်ကြိုက်တာလေးလည်းရွေးအုံးမှပေါ့"

"ဟီးကျွန်တော်ကကိုကိုကြိုက်တာဆိုကြိုက်ပြီးသားပဲ "

"အဆိုးလေး အဲ့ဆိုအကိုတို့အဖြူလေးထဲကပဲရွေးကြမလား ရှောင်းကျန့်နဲ့ဆိုအဖြူလေးကပိုလိုက်မှာ"

Ko Ko, Please love me 🍀Waiting For U🍀Where stories live. Discover now