ep38💜(End)

2.5K 66 8
                                    

ပူတူးလေးကိုဆေးရုံကလိုအပ်တာတွေစစ်ဆေးပြီးသူလည်းသက်သာပြီမလို့ဆေးရုံတက်ပြီးနှစ်ရက်အကြာမှာဆေးရုံကပြန်လာခဲ့တယ်

ခုဆိုသူတို့နှစ်ယောက်ရဲ့ချစ်ရတဲ့ပူတူးလေးကသူ့တို့ဘ၀ထဲရောက်လာခဲ့တဲ့တစ်လပြည့်ခဲ့ပြီ ပူတူးလေးတစ်လပြည့်သလိုသူတို့နှစ်ယောက်ရဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ချူးလီနဲ့ယွီပင်းတို့ကလည်းဒီနေ့မင်္ဂလာဆောင်မှာမလို့သူတို့နှစ်ယောက်မင်္ဂလာဆောင်သွားဖို့ပြင်ဆင်နေခြင်း

"ကိုကိုအင်္ကျီလဲပြီးရင်ပူတူးလေးကိုချီထားပေးပါအုံး bunnyအင်္ကျီလဲမလို့"

"အွန်းအွန်းကိုကိုလဲလို့ပြီးတော့မယ်ခဏလေးပဲစောင့် ပူတူးလေးကိုခဏချပြီးကိုကို့ကိုနက်စ်တိုင်လေးတပ်ပေးပါအုံးbunnyလေး"

"လာပြီတပ်ပေးမယ်ကိုကိုရေ  ပါပါးရဲ့ပူတူးလေးရေကုတင်ပေါ်မှာခဏလေးငြိမ်ငြိမ်နေအုံးနော် ပါပါးဒယ်ဒီကိုနက်စ်တိုင်တပ်ပေးမလို့နော်"

ပူတူးလေးပြုတ်မကျအောင်ဘေးနားမှာဖက်လုံးလေးတွေနဲ့ကာပေးခဲ့လိုက်တယ် သူငြိမ်ငြိမ်နေမယ်လို့အသိပေးသလိုပဲပူတူးလေးကဆီကအသံထွက်လာတယ်

"အဲ့ အဲ့ အဲ့"

"ပါပါးရဲ့ပူတူးလေးကငြိမ်ငြိမ်နေမယ်လို့ပြောတာလားအိုက်ယားချစ်လိုက်တာကွာ မွမွ"

"ခစ် ခစ်"

ပူတူးလေးကသူ့ကိုနမ်းလို့ထင်ပါရဲ့တခစ်ခစ်နဲ့ရီနေတယ်

ရှောင်းကျန့်လည်းကိုကို့နားသွားပြီးနက်စ်တိုင်လေးကိုသေချာတပ်ပေးလိုက်တယ်

"Bunnyလေးပူတူးလေးရဲ့ဒယ်ဒီကိုရောမွမွပေးချင်ဘူးလားဟင်"

"ကိုကိုကလည်းဘယ်လိုအသံနဲ့ပြောနေတာလဲအကိုယွီပင်းသားကြားရင်ရီနေတော့မှာပဲ "

"ဘာဖြစ်လဲကွာရီပစေသူမှမကြားတာခုချိန်ဆိုခန်းမရဲ့အ၀တ်လဲခန်းမှာစိတ်လှုပ်ရှားနေပြီးတောင်လျှောက်မြောက်လျှောက်လုပ်နေလိမ့်မယ် ကိုကို့ကိုတောင်သတိရမှာမဟုတ်ဘူး"

"ဟုတ်ပါပြီကိုကိုရယ်ပူတူးလေးနဲ့လိုက်ပြိုင်မနေနဲ့‌တော့bunnyအဝတ်လဲရအုံးမယ်လို့"

Ko Ko, Please love me 🍀Waiting For U🍀Where stories live. Discover now