ep13💜

1.8K 120 4
                                    

သူနဲ့ကိုကိုနဲ့ကားစီးပြီးထွက်သွားတော့ကျန်ခဲ့တဲ့ဒရိုင်ဘာအကိုမှာတော့ကြောင်တောင်တောင်လေးကျန်ခဲ့တယ်

"ငါသခင်လေးနောက်လိုက်သွားသင့်လား သူတို့များပြဿနာတစ်ခုခုရှင်းစရာရှိလို့များလား "

ဒရိုင်ဘာလည်းရှောင်းကျန့်နောက်လိုက်သွားသင့်မလိုက်သွားသင့်စဉ်းစားရခက်နေတယ် ဒါမဲ့နောက်ဆုံးကျသူလိုက်မသွားဖို့ဆုံးဖြတ်လိုက်တယ် သူတို့ပြဿနာတစ်ခုခုရှင်းဖို့လို့ထင်လိုက်တယ်

"သခင်လေးကတစ်ခုခုဖြစ်ရင်သူ့ကိုဖုန်းဆက်ခေါ်မှာပဲလေ "

လေးကိုဒုက္ခရောက်သွားစေနိုင်တယ်ဆိုတာသူသိခဲ့ရင်ဒရိုင်ဘာလည်းရှောင်းကျန့်တို့နောက်ကလိုက်သွားမိမှာပဲ အမှန်တော့သူ့သခင်လေးကဖုန်းဆက်ဖို့မပြောနဲ့လန့်ပြီးစကားပြောဖို့တောင်အနိုင်နိုင်ဖြစ်နေတယ်ဆိုတာဒရိုင်ဘာမှမသိခဲ့တာ

ရိပေါ်ရဲ့အရှိန်များများနဲ့မောင်းနေတဲ့ကားပေါ်မှာပါသွားတဲ့ရှောင်းကျန့်ကတော့သူချစ်ရတဲ့'ကိုကို့'ကိုကြည့်ပြီးအရမ်းလန့်နေခဲ့တယ် ဘာလို့ဆိုသူချစ်ရတဲ့ကိုကိုကသူ့ရဲ့လက်ကိုအတင်းဆုပ်ကိုင်ထားပြီးနားထင်ကလည်းချွေးတွေကျကာကားရဲ့စတီယာတိုင်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီးမောင်းနေခဲ့လို့ပဲ

ရှောင်းကျန့်မှာသူ့လက်ကိုအတင်းဆုပ်ကိုင်ထားတဲ့ကိုကို့ရဲ့လက်ကိုသူအရမ်းနာနေပေမဲ့လည်းမဖယ်ရဲ ကိုကိုကအခုအချိန်အရင်ကသူသိခဲ့တဲ့ကိုကိုမဟုတ်ဘဲတစ်ခြားတစ်ယောက်လိုဖြစ်နေခဲ့လို့ လေးမွေးပြီးတစ်ခါလောက်ထပ်မေးဖို့ဆုံးဖြတ်လိုက်တယ် 'ကိုကိုများတစ်ခုခုဖြစ်နေလားဆိုပြီး'

"အ အကိုရိပေါ်ကျွန်တော့်ကိုဘယ်ခေါ်သွားတာလဲဟင် အကိုတစ်ခုခုဖြစ်နေရင် ကျ ကျွန်တော့်ကိုပြောလေ"

"..........."

ရှောင်းကျန့်ကသာမေးလိုက်တယ်ရိပေါ်ကတော့ကားစတီယာတိုင်ကိုကိုင်ထားတဲ့လက်ကပိုတင်းသွားပြီးသူ့လက်ကိုဆုပ်ကိုင်ထားတဲ့လက်ကလည်းပိုပိုပြီးတင်းကြပ်သွားတယ် ပြီးတော့ရိပေါ်ရဲ့လက်အကြောတွေလည်းထောင်လွန်းလို့အသားဖြူတဲ့ရိပေါ်လက်‌မှာထင်းလို့

Ko Ko, Please love me 🍀Waiting For U🍀Donde viven las historias. Descúbrelo ahora