ep21💜

1.9K 110 6
                                    

ရှောင်းကျန့်နဲ့ရိပေါ်လည်းမနေ့ကမှသူတို့အိမ်ကိုရောက်လာတဲ့ကျင်းကော်လေးကိုသူတို့နှစ်ယောက်ဟန်းနီးမွန်းသွားမှာမလို့မနက်မသွားခင်ရှောင်အိမ်တော်ကို၀င်ပို့ခဲ့တယ်

ပြီးတော့သူတို့နှစ်ယောက်လည်းကိုးရီးယားနိုင်ငံကနာမည်ကြီးကျွန်းတစ်ခုဖြစ်တဲ့ဂျယ်ဂျူဒိုကျွန်းကိုသွားဖို့အတွက်ကိုယ်ပိုင်လေယာဉ်ပေါ်တက်ခဲ့ကြတယ်

လေယာဉ်ပေါ်ရောက်တော့ကိုယ်ပိုင်လေယာဉ်ဖြစ်တဲ့အတွက်သူတို့နှစ်ယောက်ရောက်တာနဲ့လေယာဉ်မှူးလည်းလေဟင်ထက်သို့စတင်ထွက်ခွာတော့တယ်

"ကိုကို"

"ဗျာ ‌ဗျ "

"bunnyတို့ဟိုရောက်ရင်လေရေအရင်ကူးမှာလား အရင်လျှောက်လည်ကြမှာလားဟင်"

"bunnyကြိုက်တာလုပ်လေ တကယ်လို့ဟိုရောက်ရင်အခြေအနေကြည့်ပြီးကိုကိုတို့ဆုံးဖြတ်တာပေါ့ ညရောက်သွားရင်တော့ဟိုတယ်မှာနားပြီးမနက်မှလျှောက်လည်ပြီးရေဆော့ကြတာပေါ့ဟုတ်ပြီလား"

"ဟုတ်ကိုကို "

"Bunnyလေးကအရမ်းလိမ္မာတာပဲ ကိုကိုအရင်ကဂရုမစိုက်ဘဲမချစ်ဘဲနေခဲ့တာ‌တွေအတွက်ကိုကိုခုကစပြီးအတိုးချပြီးဂရုစိုက်သွားမယ် bunnyထက်လည်းပိုချစ်ပေးမယ်နော် "

"ရပါတယ်ကိုကိုရယ် bunnyက‌လေကိုကိုbunnyကိုချစ်တယ်ဆိုတာနဲ့တင်လုံလောက်နေပါပြီ အရင်ကဟာတွေပြန်မတွေးနဲ့တော့နော် အတိတ်ကိုအတိတ်မှာပဲထားခဲ့တော့ ခုလက်ရှိပစ္စုန်ပန်မှာပဲကိုကိုကbunnyကိုပိုချစ်ပေး ပိုဂရုစိုက်ပေးနော်ကိုကို"

"ဟုတ်ကဲ့ပါဗျ ကိုကိုချစ်ရတဲ့bunnyလေးသဘောအတိုင်းပါပဲဗျာ"

"အဲ့ဆိုလေကိုကိုနဲ့bunnyနားကြပ်လေးကိုတစ်ယောက်တစ်ဖက်စီတပ်ပြီးသီချင်းနားထောင်ရအောင် "

"နားထောင်စေဗျာ ကိုကိုကအရမ်းမြူးတဲ့သီချင်းတွေပဲရှိတယ်bunnyမကြိုက်လောက်ဖူး အဲ့တော့bunnyဖုန်းထဲကပဲဖွင့်လိုက်နော်"

"ဟုတ်ကိုကို ပြီးတော့လေသီချင်းနားထောင်ရင်းကိုကို့ပုခုံးပေါ်မှီအိပ်ချင်တယ်"

Ko Ko, Please love me 🍀Waiting For U🍀Место, где живут истории. Откройте их для себя