Episode(4)

24.2K 3.2K 201
                                    

အိပ်ရာပေါ်ထိုင်ပြီးမှ ဂျင်းဘောင်းဘီခြေအဝကို ကတ်ကြေးနဲ့ခွဲချလိုက်ရသည်။ ခြေသလုံးသားတစ်ခုလုံး သွားအပေါက်ရာနဲ့ သွေးတွေက ခြေဖမိုးပေါ်ထိမြင်မကောင်းအောင်ယိုစီးကျနေသည်။ လေးထောင့်အရက်ပြားပိုင်းလေးကိုဖွင့်ပြီး ခွေးကိုက်ရာပေါ်လောင်းချပစ်လိုက်သည်။ တဆစ်ဆစ်နဲ့အဆိပ်တက်နေတဲ့ဒဏ်ရာက အရက်ကြောင့် ပူပြင်းလောင်မြိုက်တက်လာသည်။ အံကိုတင်းတင်းကြိတ်ပစ်လိုက်ပေမယ့် နာကျင်မှုက သွေးကြောတစ်လျှောက်ပျံ့နှံ့လာသလို ခံစားနေရသည်။

"ကိုကို! ဒီတိုင်းထားလို့မရဘူး။ တံခါးဖွင့်ပါ"

တံခါးမကြီးကို ထုရိုက်ခေါ်နေသံက အဆက်မပြတ်။ သူ့ကန်ချက်ကြောင့် လွင့်ထွက်သွားတဲ့ခွေးကို ဟိုကောင်လေး ပြေးကြည့်တုန်း အိမ်ထဲဝင်လာခဲ့ခြင်းဖြစ်သည်။ ကိုကိုချင်းထပ်အောင်ခေါ်နေတာ ခဏရပ်သွားပြီးနောက် နောက်တစ်ကြိမ် ခေါ်သံတွေထွက်လာပြန်တာဖြစ်သည်။ ကြည့်ရတာ သူ့အဖေနှစ်ယောက်ကို သွားခေါ်တာဖြစ်မည်။ တောက်ပြင်းပြင်းတစ်ချက်ခတ်လိုက်မိပြီး လက်ကျန်အရက်တွေကို မော့သောက်ပစ်လိုက်သည်။ ပူခါးခါးအရည်တွေလည်ချောင်းထဲစီးဝင်သွားတဲ့ ခဏ၊ ကိုက်ခဲနေတာတွေ ပြေလျော့သွားသလိုခံစားရ၏။

"Kiwi က ကာကွယ်ဆေးထိုးထားတယ်ဆိုပေမယ့် ဒီတိုင်းထားလို့မရဘူး။ ကျွန်တော် ဆေးသေတ္တာယူလာခဲ့တယ်"

တည်ငြိမ်ပေမယ့် စိုးရိမ်မှုရောတဲ့ အဲရစ်အသံထွက်လာသည်။ သူ အိပ်ရာဘေး ခြေဆင်းထိုင်လိုက်ပြီး နောက်ထပ်အရက်ပြားတစ်ပိုင်းကိုမော့ချလိုက်မိသည်။ ခွေးကကိုက်ခဲထားတဲ့အချိန်မှာ သူကန်ထုတ်လိုက်တာမို့ ခြေသလုံးသားအချို့ ပဲ့ထွက်သွားခဲ့သည်။ ခွေးကိုက်ရာအဝိုင်းကနေ ဒဏ်ရာကပြဲစိစိနဲ့အရေပြားတွေပါလန်ခဲ့တာဖြစ်သည်။ ဒီတိုင်းနေဖို့ စိတ်ကူးမရှိပေမယ့် ဒီလိုကြီး လာအော်ခေါ်နေတာက သူ့အတွက် အဆင်မပြေ။ အထူးသဖြင့် ဟိုကောင်။ ဘာကိစ္စသူ့ကို ကိုကိုလို့ခေါ်ရသလဲ။ ဖြစ်သွားတဲ့အခြေအနေထက် တောင်ကုန်းပေါ်ကပြေးဆင်းလာတဲ့ပုံရိပ်နဲ့ခေါ်သံကိုပဲ သူ့အာရုံကစွဲလာရသည်။

ရုတ်တရတ် တံခါးပွင့်လာပြီး ထိပ်ဆုံးက ဝင်လာသူက ဒေးဗစ်။ ဒီအိမ်ရှင်တွေဆီမှာ သော့အပိုရှိနေတာမို့ ဘယ်လောက် lock ချထားလည်း အသုံးမဝင်မှန်း သူသိပါသည်။

မင်းအတွက်Where stories live. Discover now