Episode(12)

24.4K 2.8K 285
                                    

"ဖေဖေ ဆီသတ်ပြီးတာနဲ့ ကြက်သားထည့်လို့ရပြီလား"

"အင်း...ကြက်သွန်ကအနံ့မွှေးနေပြီ။ ကြက်သားထည့်လိုက်တော့"

"အာလူးကရော"

"ကြက်သားကျက်မှထည့်ရမယ်လေ။ အာလူးကနူးလွယ်တယ်"

ဒက်ဒီတို့စက်ရုံရဲ့ မီနူးအသစ်အတွက် ခြံမွေးကြက်တွေတင်သွင်းရင်း အိမ်အတွက်ပါ ရလာတော့ လီယမ်အလုပ်ရှုပ်ရတော့သည်။ တခြားတော့မဟုတ်။ ဖေဖေ့ဆီမှာ ဟင်းခတ်အမွှေးအကြိုင်လည်းရှိတာမို့ မြန်မာစတိုင်ကြက်သားဟင်းကို လီယမ်ကိုယ်တိုင်လက်စွမ်းပြနေခြင်း။ အရင်တည်းက ဖေဖေနဲ့အတူ ချက်ပြုတ်ကူနေကျမို့ မြန်မာဟင်းချက်တာ ပထမဆုံးအကြိမ်ဖြစ်ပေမေယ့် လီယမ့်အတွက် ခက်ခဲမနေ။ မဆလာပါအုပ်ပြီး ရေတစ်ခွက်ထည့် အဖုံးဖုံးလိုက်တဲ့ ကြက်သားဟင်းနံ့က အတော်လေးမွှေးသည်။ အရသာအတွက်လည်း လီယမ် ယုံကြည်မှုအပြည့်ရှိပြန်၏။

"လီယမ်"

"ဟုတ် ဖေဖေ"

ကြက်သားဟင်းနဲ့ဆို အအီပြေအောင် မုန်လာဥဖြူချဉ်ရည်ဟင်းနဲ့တွဲဖက်စားရတယ်ဆိုပြီး ဖေဖေက မုန်လာဥတွေခွာပေးနေသည်။ ဒီမှာတော့ မန်ကျည်းသီးအနှစ်ဘူးပဲရှိတာမို့ မြန်မာအရသာစစ်စစ်မဟုတ်ရင်တောင် အနီးစပ်ဆုံးရနိုင်လောက်ပါသည်။ ထမင်းစားခုံမှာထိုင်ပြီး မုန်လာဥကိုအတုံးလေးတွေတုံးနေတဲ့ ဖေဖေ့နား လီယမ်ဝင်ထိုင်လိုက်သည်။

"လီယမ် လှီးမယ် ဖေဖေ"

"ရတယ်။ ခဏနားပါဦး"

ဖေဖေပြောမှပဲ လီယမ် ရေတစ်ခွက်ငှဲ့သောက်လိုက်ရသည်။ တစ်မနက်ခင်းလုံး ကြက်ကိုအမွှေးနှုတ်ဘာညာနဲ့ နေ့လယ်စာချိန်တောင် နီးနေပါပြီ။

"အိမ်ငှားနဲ့ အတော်ခင်နေပြီလား"

"အင်း...ကိုကိုက မဆိုးပါဘူး ဖေဖေ"

"မဆိုးပေမယ့် အင်း...ဖေဖေ တစ်မျိုးတော့ခံစားရတယ်"

"ကိုကိုက အထီးကျန်နေတာ"

ဖေဖေက လက်ထဲကဓားကိုချသည်။ လီယမ့်ကိုတေ့တေ့ဆိုင်ဆိုင်ကြည့်၏။ ဖေဖေနဲ့လီယမ်က ဒီလိုပဲ။ ဘယ်အကြောင်းအရာမဆို အပြန်အလှန်သဘောထားအမြင်၊ မတူညီတဲ့ရှုထောင့်တွေရှိနေရင်တောင် အငြင်းအခုန်မဖြစ်ဘဲ ဒီလိုစကားဝိုင်းဖန်တီးရတာကို နှစ်သက်ကြသည်။ ဒက်ဒီကတော့ နဂိုတည်းက လူရိုးလူအေးမို့ ဖေဖေနဲ့တောင် စကားဆယ်ခွန်းပြည့်အောင် ပြောသည်မရှိ။ ဖေဖေ့ကိုဝန်ခံတုန်းကတစ်ခါသာ ချစ်တယ်လို့ပြောဖူးသည်တဲ့။ နှုတ်ကတဖွဖွပြောမနေတတ်ပေမယ့် ဒက်ဒီ ဖေဖေ့ကိုဘယ်လောက်ထိ ချစ်လဲဆိုတာတော့ လီယမ်ခံစားလို့ရသည်။ ဒက်ဒီ့ရွှေညိုရောင်မျက်ဆံအိမ်ထဲမှာ ဖေဖေ့ဖြစ်တည်မှုက ကမ္ဘာကြီးတစ်ခုလုံးလိုပဲ။ ဒက်ဒီ့ဆီမှာ ဖေဖေကလွဲပြီး ဘာမှမရှိသလိုမျိုး။ ဖေဖေရော ဘာထူးလို့လဲ။ ဘယ်အရာနဲ့ယှဉ်လာယှဉ်လာ ဖေဖေ့ဆုံးဖြတ်ချက်တိုင်းက ဒက်ဒီဖြစ်လာခဲ့တာ။ ဖေဖေပြောတာတော့ ဒါကရွေးချယ်မှုမဟုတ်ဘူး။ ဒက်ဒီက ဖေဖေ့ဘဝဖြစ်နေလို့တဲ့။ ဖေဖေနဲ့ဒက်ဒီ ဒီတိုင်းတွဲထိုင်နေရင်ကို အဲ့ဒီနေရာဝန်းကျင်လေးက နေရောင်နွေးနွေးနဲ့တူတဲ့မေတ္တာရောင်တွေထွက်နေသလိုပဲ။ ဒီနေ့ဒီချိန်ထိ ဖေဖေနဲ့ဒက်ဒီ့ကြောင့် လီယမ်သိမ်ငယ်ခဲ့ရတယ်ဆိုတာမရှိ။ လီယမ့်ရဲ့မျိုးရိုးရင်းမြစ်ကိုမေ့နိုင်တဲ့အထိလည်း ဖေဖေတို့ကချစ်ပေးကြတာ။

မင်းအတွက်Where stories live. Discover now