Episode(5)

24.5K 3.1K 363
                                    

"ဆေးသောက်မှဖြစ်မယ်။ ရာသီဥတုကလည်အေးတော့ အနာရင်းချင်နေပြီ"

အဲရစ်က ဆေးပတ်တီးအဟောင်းကိုဖြုတ်ပြီး အသစ်စည်းပေးသည်။ ဒီတစ်ခါတော့ လီယမ်ဆိုတဲ့ကောင်လေးက အခန်းထဲဝင်လာကတည်းက နှုတ်ဆိတ်နေခဲ့တာဖြစ်သည်။ သူ့အဖေဖြည်လိုက်တဲ့ ပတ်တီးအဟောင်းတွေကို စက္ကူအိတ်ထဲထည့်ပြီး ပတ်တီးအသစ်နဲ့ ဂွမ်းတွေကမ်းပေး၏။

"ဖျားနာနေတုန်း alcohol ပါတာတွေမသောက်သင့်ဘူး"

အဲရစ်က အိပ်ရာဘေးက ဝီစကီပုလင်းအလွတ်တွေကို ကြည့်ပြီးပြောလာခြင်းဖြစ်သည်။ ဒီနှစ်ရက်အတွင်း ဒါက ကြားနေကျစကားမို့ ထူးထွေပြီးတောင် စိတ်အနှောင့်အယှက်မဖြစ်မိတော့။ မနက်၊ နေ့လယ်၊ ညစာ သုံးနပ်လုံးကို စွပ်ပြုတ်ပူပူနဲ့ ခေါက်ဆွဲကြာဇံတစ်မျိုးမျိုး လာပို့ကြသည်။ အစက အဲရစ်ပဲလာပေမယ့် ဒုတိယရက်မှာ လီယမ်ကပ်ပါလာသည်။ သူ့အဖေနဲ့ပါလာရင်တော့ မျက်လွှာချ၊ စကားမပြော။ lock ပြုတ်နေတဲ့တံခါးကနေ ခိုးဝင်လာတဲ့အချိန်ကျရင်တော့ စကားတွေ ရွှန်းရွှန်းဝေနေတတ်သည်။ သူ့ကိုကိုက်လိုက်တဲ့ ကီဝီဆိုတဲ့ခွေးက သူ့ကန်ချက်ကြောင့်ပဲ မျက်လုံးတစ်ဖက်ကွယ်သွားတာလည်း ပြောသည်။

"ခင်ဗျား ကြိုက်ပါ့မလား မသိဘူး။ ဒီနေ့အိမ်မှာ Irish Stew ချက်စားတာ။ ခင်ဗျားစားရ အဆင်ပြေအောင် မုန်ညင်းစွပ်ပြုတ်တော့ လုပ်ခဲ့ပေးတယ်"

သူပုခုံးသာ တွန့်ပြလိုက်သည်။ တကယ်ဆို ဒီရက်တွေထဲ သူအူစိုတယ်တောင် ပြောလို့ရသည်။ ကိုယ့်ဘာသာဆို ပေါင်မုန့်ကြမ်းနဲ့ ဝီစကီနဲ့တင် ပြီးသွားတာမျိုး။

"လီယမ် ဆေးအိတ်ယူခဲ့"

"ဖေဖေ ဟို..."

လီယမ်က မတ်တပ်ရပ်လိုက်ပေမယ့် အဲရစ်ကိုရောသူ့ကိုပါ စောင်းကြည့်သည်။

"ကိုကိုစားလို့ပြီးမှ ပန်းကန်တွေပါ တစ်ခါတည်းသိမ်းပြီးလာခဲ့မယ်လေ"

အဲရစ်ကသူ့ကိုလှမ်းကြည့်လာသည်။ သူ မသိချင်ယောင်ဆောင်ပြီး အင်္ကျီပုခုံးစွန်းတွေကို ခါပြနေလိုက်၏။

"ဒါဆို စားပွဲကိုပါ ရှင်းပေးခဲ့လိုက်ဦး"

"ဟုတ်ကဲ့"

မင်းအတွက်Where stories live. Discover now