Episode(9)

22.6K 2.9K 316
                                    

သူ့ဆံပင်တွေကို ညှပ်လိုက်တယ်လို့ထင်ရင် မှားမှာပေါ့။ လီယမ် မမျှော်လင့်ဘူးလို့ပြောတဲ့အရာရဲ့ ဆန့်ကျင်ဘက်က သူ့ဆံပင်တွေကိုမညှပ်ထားဘဲ နဂိုအတိုင်း တွေ့ရမှာလေ။ ဒါဆို လီယမ်က သူ့ဆန္ဒတွေမဖြစ်မြောက်ဘူး ဒီလောက်ပဲ တွေးမှာပေါ့။ မထင်မှတ်တဲ့အချိန်မှာ မထင်မှတ်ထားတဲ့တုန့်ပြန်မှုနဲ့ ပြုမူရတာကို သူသိပ်သဘောကျတာ။ အဲ့လိုအချိန်မှာဖြစ်သွားမယ့် လူတွေရဲ့မျက်နှာက သိပ်ရယ်ရတယ်မလား။ အခုလည်း လီယမ်က ရွှေညိုရောင်ပြောင်းပြီး နဖူးပေါ်ကဆံပင်တွေကိုနောက်သိမ်းလှန်စည်းထားတဲ့ သူ့ပုံစံကို ငေးကြည့်နေသည်။ လေတိုးလို့ မေးရိုးကိုဖုံးလာတတ်တဲ့ ဆံပင်ချွန်ချွန်တွေကလည်း လီယမ့်အတွက်တော့ အံ့ဩစရာဖြစ်နေပုံရသည်။

"ဘာကိစ္စ ငါ့နောက်လိုက်လာတာလဲ"
သူ့အသံက စိတ်မရှည်စွာ ထွက်လာခဲ့သည်။ တကယ်ဆို နေကောင်းသွားပြီလား၊ ဘယ်လိုနေသေးလဲ သူမေးသင့်ပေမယ့် မမေးဖြစ်။

"ဟင်...ကိုကို့နောက်မလိုက်ပါဘူး။ ဆေးရုံတက်နေတုန်း လီယမ့်သမီးလေး ကလေးမွေးတယ်ဆိုလို့ လာကြည့်တာ"

"မင်းရဲ့သမီး?"

"ဟုတ်တယ်လေ။ လီယမ့်သမီးလေး။ ကိုကိုနဲ့ပါ မိတ်ဆက်ပေးမယ်။ စက်ဘီးပေါ်တက်"

လီယမ်က သူ့လက်ကိုလှမ်းဆွဲပြီး စက်ဘီးနောက်ခုံပေါ် ဆွဲတင်သည်။ ဆေးရုံကဆင်းလာတဲ့ကောင်ရဲ့မျက်နှာက လန်းဆန်းနေတာများဆိုတာ။ ဒီလိုဆိုတော့ သူလည်း စိတ်သက်သက်သာသာနေနိုင်တာပေါ့။

×××××××××××××××××××××××××××

"လီယမ် မင်း!"

ဒီကောင်လေးက ဘယ်လောက်ထိ ရိုက်ပစ်ချင်ဖို့ကောင်းလိုက်သလဲ။ ဂိုထောင်ရဲ့ထောင့်ကျကျမှာရှိနေတဲ့ အဖြူနဲ့အမည်းရောစပ်တဲ့အမြီးဖွားဖွားခွေးမလေးကို လက်ညှိုးထိုးပြီး အသက်ရှုသံတွေပြင်းထန်နေတဲ့သူ့ကို လီယမ်က မျက်လုံးဝိုင်းတွေနဲ့ကြည့်နေသည်။ လက်ဝါးကပ်တိုင်ပုံပါတဲ့ ပုတီးကိုလက်မှာပတ်ထားပြီး မတ်တပ်ရပ်နေတဲ့သင်းအုပ်ဆရာကလည်း သူ့ကို အထူးအဆန်းလိုကြည့်နေသည်။ သူ စိတ်တိုတိုနဲ့ပဲ ဂိုဒေါင်ထဲက မြန်မြန်ထွက်လာခဲ့ရသည်။

မင်းအတွက်Where stories live. Discover now