Episode(19)

31.6K 3.2K 670
                                    

⚠️HsuHsu>>> ဆု တစ်ခုလောက် ပြောချင်လို့ ဇာတ်လမ်းပြီးမှ ထည့်ရေးရင် မဖတ်ကြလို့လေ😁။ မင်းအတွက်ကို သူငယ်ချင်းတွေဆီ လက်ဆင့်ကမ်းတဲ့အခါ၊ ကိုယ့် Fb Acc မှာ ညွှန်းတဲ့အခါကျရင် ကိုကိုက ဘယ်သူဆိုတာမျိုး၊ King နဲ့အဆက်စပ်ရှိမရှိ ထည့်မညွှန်းကြပါနဲ့နော်။ မေတ္တာရပ်ခံပါတယ်။ Complete ဖြစ်မှ လာဖတ်မယ့်သူငယ်ချင်းတွေ စပွိုင်းမိပြီး မင်းအတွက်ကို အပြည့်အဝမခံစားနိုင်မှာစိုးလို့ပါနော်။ မင်းအတွက်က King ကိုမဖတ်ထားတဲ့သူတွေအတွက်လည်း ဒီအတိုင်း မင်းအတွက်အနေနဲ့ဖတ်နိုင်အောင် ဆုကြိုးစားထားပါတယ်။ ကျေးဇူးများကြီးတင်ပါတယ်။ လပ်ယူ💛

🍬🍬🍬🍬🍬🍬🍬🍬🍬🍬

"ကိုကို လီယမ်တို့..."

ကိုကိုက လီယမ့်ရင်ဘတ်ကို တွန်းဖယ်ရှောင်ခွာသည်။ မျက်ဝန်းထဲမှာထင်ဟပ်နေတဲ့ စိတ်ရဲ့အရိပ်ထဲ လီယမ့်ပုံရိပ်ပျောက်ဆုံးနေသည်။

"အခု သိပြီလား။ ငါ ဘာလို့ မြန်မာနိုင်ငံကို သွားလို့မရလဲဆိုတာ။ လူသတ်သမားရဲ့သားမို့လို့။ ငါကိုယ်တိုင်လည်း တစ်စုံတစ်ယောက်ရဲ့အသက်ကို ထိပါးခဲ့လို့။ မသေရဘူးတဲ့။ အသက်ရှင်သလိုလည်း မနေရဘူးတဲ့။ နစ်နာကြေးပေးရမယ့် ပိုက်ဆံတွေကို ငါနဲ့အတူထည့်ပေးလိုက်တယ်။ ပိုက်ဆံနဲ့ ဝယ်လို့မရတဲ့ ပျော်ရွှင်မှုတွေကိုရော။ ဒါပေမယ့်...မင်းနဲ့ရှိနေတိုင်း ငါ့အတိတ်ကို ငါမေ့မေ့သွားတယ်။ အဲ့ဒါက ရယ်စရာတော့ ကောင်းတယ်မလား"

ရယ်လိုက်တဲ့ နှုတ်ခမ်းတွေက အသက်မပါ။ ကြောင်ငေးနေတဲ့ မျက်ဝန်းတွေကို လီယမ်လိုက်ငေးပေမယ့် ဖမ်းဆုပ်မရနိုင်။

"သေတဲ့အထိ သစ္စာရှိပြီး မင်းတစ်ယောက်တည်းကိုပဲ ချစ်သွားမှာလို့ သူ့ရှေ့မှာ ကြွေးကြော်ခဲ့ပေမယ့်...မင်းအနားနေရင် သူ့ကိုပါ မေ့သွားတယ်"

ကိုကိုလို့ခေါ်ပြီး ဖမ်းဆွဲထားလိုက်ချင်ပေမယ့် ကိုကို့ရဲ့နောက်ပြန်လျှောက်နေတဲ့ခြေလှမ်းတွေက လီယမ်နဲ့ ဝေးကွာလာခဲ့သည်။ မမျှော်လင့်ခဲ့ပေမယ့် ကိုကိုက လီယမ်အပေါ်တွယ်တာတာတွေသိရတော့ လီယမ့်မျက်ရည်တွေက အပြုံးတွေပေါ်ကနေ ဖြတ်စီးခွင့်ရသွားသည်။

မင်းအတွက်Where stories live. Discover now