Episode(6)

22.9K 3K 273
                                    

လူတွေက ပျော်ရွှင်စရာတွေထက် နာကျင်စရာတွေကို ဖက်တွယ်ရှင်သန်ခြင်းမှာ ပျော်မွေ့ကြပုံရသည်။ သူကိုယ်တိုင်လည်း အတိတ်ရဲ့အရိပ်ထဲက ရုန်းမထွက်နိုင်တာသက်သေပဲလေ။ မဟုတ်ဘူး တကယ်တော့ သူ့အတွက်က ရွေးချယ်စရာမရှိတာ။ ရှင်လျက်နဲ့သေစေဆိုတဲ့စကားက သူ့သက်တမ်းတစ်လျှောက် တည်နေမယ့်အမိန့်သံပဲ။ သူ ရုန်းထွက်ပစ်ဖို့ကြိုးစားလိုက်တိုင်း အမှောင်ထုထဲကိုပဲ ပိုပိုနစ်ခဲ့ရတာပဲမလား။ သူ့အသက်ဓာတ်စတည်တဲ့နေ့ကတည်းက မိဘနှစ်ယောက်ရဲ့လိုလားကြည်ဖြူခြင်းကို မရခဲ့ဘူး။ အမေရယ်၊ အမေရယ်ဆိုတဲ့စကားထက် ပေါင်မုန့်အေးစက်စက်ကိုကိုက်ရင်း မျက်လုံးအရောင်မတူတဲ့လူတွေကြားမှာ sorry တစ်ခွန်းကိုထပ်ခါထပ်ခါ ပြောခဲ့ရတာ။

အဆုံးစွန်ဆုံးပြိုကျတော့မယ့်အချိန်မှာ ကမ်းလင့်ခဲ့တဲ့လက်တစ်ဖက်က သူ့ဘဝတည်ရာဖြစ်ခဲ့ရသည်။ မရက်ရောတဲ့အပြုံးတွေအတွက်၊ သူ့ကိုမကြည့်တတ်တဲ့မျက်ဝန်းပြာတွေအတွက်၊ သူ့အတွက်မဟုတ်တဲ့ တမ်းတခြင်းတွေအတွက်၊ သူ့ဘဝတစ်ခုလုံးနဲ့ရင်းပြီး အလောင်းအထပ်လုပ်ခဲ့တာတောင် သူမှားတယ်ဆိုတဲ့စကားကိုပဲကြားခဲ့ရသည်။

လီယမ့်နှုတ်ကထွက်တဲ့ ဒက်ဒီဆိုတဲ့နာမ်စားကိုကြားတိုင်း သူ့ရင်အစုံကမွန်းကြပ်ကြပ်။ ဖြစ်နိုင်ရင် ရင်ဘတ်ကိုခွဲပြီး ခံစားနိုင်တဲ့အစိတ်အပိုင်းတွေကို ဆွဲထုတ်လွှင့်ပစ်ချင်သည်။ သူ့အာရုံမှာ ရှင်းလင်းနေသေးတဲ့ ဒက်ဒီဆိုတဲ့လူရဲ့ အလိမ်အညာစကားတွေကိုပါ ဖျက်ဆီးပစ်ချင်ခဲ့သည်။ သူသိတဲ့ ဒက်ဒီဆိုတာ ကိုယ်ကျိုးအတွက် သားသမီးကို အသုံးချရဲတဲ့လူစားမျိုးတွေပဲ။ သားလို့ခေါ်ပြီးကမ်းလင့်ခဲ့တဲ့ လက်နှစ်ဖက်က အဆိပ်ရည်တွေပေကျံနေခဲ့တာပဲမလား။ ဒါမှမဟုတ် သူကိုယ်တိုင်ကပဲ အချစ်ခံရဖို့ မထိုက်တန်ဘဲ မွေးဖွားလာခဲ့တာများလား။ သူ့အတွက်လို့ထင်ပြီး ရည်ရွယ်လိုက်မိတဲ့လူတိုင်းက သူ့အတွက်အမုန်းတွေပဲရှိခဲ့တာလေ။

သူနဲ့ပတ်သက်မိသမျှလူတိုင်းက ပျက်စီးဆုံးရှုံးခြင်းတွေပဲ ရခဲ့တာကရော သူကတကယ်ကို ဂြိုလ်ဆိုးနက္ခတ်ဖြစ်နေခဲ့တာလည်း ဖြစ်နိုင်ပါသည်။ ဒါပေမယ့် ဘာဖြစ်လဲ။ ဂြိုလ်ဆိုးဆိုမှတော့ သူကကောင်းပေးစရာလိုသေးလို့လား။ လူကောင်းတွေရှိဖို့ လူယုတ်မာတွေလည်း မွေးဖွားပေးရတာပဲလေ။ အရာရာတိုင်းအတွက် သူမမှားဘူး။ သူကလည်း ဒီကမ္ဘာအတွက် တစ်ထောင့်တစ်နေရာက ပါရမီဖြစ်ပေးနေတဲ့လူ။ ရှင်သန်မှုက မှေးမှိန်နေတယ်ဆိုရင်တောင်မှပေါ့။

မင်းအတွက်Where stories live. Discover now