Special Episode(2)

29.5K 3K 242
                                    

"ကိုယ် ကျိုတိုကို ခဏသွားရမယ် လီယမ်"

"ဟင်..."

ကီးဘုတ်ပေါ်ပြေးနေတဲ့ လီယမ့်လက်ချောင်းတွေရပ်သွားရသည်။ ပုခုံးတစ်ဖက်ပေါ် ခေါင်းမှီတင်ပြီး ခါးကိုဖက်တွယ်လို့ပြောလာတဲ့ ကိုကို့စကားက ရုတ်တရတ်ဆန်လွန်း၏။

"ကိစ္စတစ်ခုခုရှိလို့လား ကိုကို"

လီယမ် ကိုကိုနဲ့မျက်နှာချင်းဆိုင်မရအောင် ခါးပေါ်က ကိုကို့လက်တွေတင်းကြပ်နေသည်။ အသက်ရှုသံတွေလည်း ပုံမှန်ဖြစ်ပေမယ့် လည်တိုင်ကိုနှောင့်ယှက်နေတဲ့ နှုတ်ခမ်းတစ်စုံက မွတ်သိပ်လွန်းနေ၏။ ကိုကို တစ်ခုခုဖြစ်နေပါပြီ။ အဲ့ဒီတစ်ခုခုက ကျိုတိုထိသွားရမယ့်အကြောင်းအရင်းပေါ့။

"ကိုကို..."

"လီယမ် ကိုယ့်ကိုယုံတယ်မလား"

"ယုံတာပေါ့ ကိုကိုရ"

ကိုကို့လက်ခုံကို လီယမ်ဖွဖွပုတ်ပေးပြီး ရင်ခွင်ထဲငြိမ်နေပေးလိုက်တော့သည်။ Research အတွက် ရှာနေတဲ့စာရွက်စာတမ်းတွေနဲ့ laptop ကို ကုတင်တစ်ဖက်ကိုတွန်းထားလိုက်ရ၏။ ကျန်တဲ့ classmate တွေကတော့ ရွေးချယ်ထားတဲ့ သက်ဆိုင်ရာနိုင်ငံတွေဆီရောက်နေကြပါပြီ။ လီယမ် မြန်မာနိုင်ငံကိုသွားလို့မရပေမယ့် တခြားတစ်နိုင်ငံလည်းထပ်မရွေးဖြစ်ခဲ့။ လိုချင်တဲ့အချက်အလက်တွေအကုန် internet website တွေကရှာ။

ကျောင်းရဲ့ home page မှာတင်ထားတဲ့ တစ်ချို့စာတမ်းတွေကနေလည်း ဆွဲထုတ်နဲ့ ကိုယ်တိုင်လေ့လာရတာမဟုတ်လို့ အခက်အခဲရှိပေမယ့် စာလုပ်နေရင်း ကိုကို့ဘေးနားပူးကပ်နေနိုင်တာကလည်း အဆိုးထဲကအကောင်းပဲလေ။ ကိုကိုက တစ်ခုခုကိုနင့်နင့်နဲနဲခံစားရတိုင်း လီယမ့်ကိုထွေးဖက်လာတတ်တာလည်း အကျင့်တစ်ခုလိုဖြစ်နေခဲ့ပါပြီ။ နီးစပ်နေတဲ့မျက်နှာအစိတ်အပိုင်းတွေရဲ့မှီရာကို လီယမ်လှည့်နမ်းလိုက်ရသည်။ သေးငယ်တဲ့နှစ်သိမ့်မှုဖြစ်နိုင်ပေမယ့် ဒါက ကိုကို စိတ်သက်သာရာရဖို့သာ လီယမ်ရည်ရွယ်သည်။

"ကိုယ့်ကိုစောင့်နေပေး"

"ကိုကို!"

ဒီတစ်ခါတော့ လီယမ် ကိုကို့လက်တွေကိုဖြုတ်ချပြီး မျက်နှာချင်းဆိုင်ရတော့သည်။

မင်းအတွက်Where stories live. Discover now