Special Episode(1)

36.9K 3.2K 567
                                    

"Latte and...Affogato"

ရေခဲမုန့်ပေါ်ကမှ Expresso တင်ပြီးဖျော်ထားတဲ့ affogato မှာပြီး ထိုင်ခုံမှာကျန်ခဲ့တဲ့ကိုကို့ကို လီယမ်လှည့်ကြည့်မိသည်။ အရယ်အပြုံးမရှိတဲ့မျက်နှာနဲ့ လက်ပိုက်ပြီး ခြေထောက်နှစ်ချောင်းကို ထပ်ထိုင်လို့ မှန်ပြတင်းပေါ်တိုးတိုက်နေတဲ့ မိုးစက်တွေကို ငေးနေ၏။ အနောက်နိုင်ငံတွေရဲ့နွေရာသီက မိုးစွေနေတာများသည်။ စာအုပ်ဆိုင်ကအထွက်မှာ သည်းလာတဲ့မိုးကြောင့် မိုးခိုဖို့ ကော်ဖီဆိုင်ထဲရောက်လာရခြင်းဖြစ်သည်။ မြင်ကွင်းက animation ထည့်ထားတဲ့ ဓာတ်ပုံတစ်ခုနဲ့တူသည်။ ပြေးလွှားလှုပ်ရှားနေတဲ့မိုးရေစက်တွေကို ငေးကြည့်နေတဲ့လူတစ်ယောက်ရဲ့ပုံပေါ့။

"Hey...This is my number. What is yours?"

ကောင်တာက ကောင်မလေးက စာရွက်ပိုင်းတစ်ခုကို ထိုးပေးပြီးပြောလာသည်။ ပြောရရင် ဒီကော်ဖီဆိုင်က လီယမ်တို့မရှိတဲ့အချိန်မှာ ဖွင့်ထားတာပဲ။ ဝန်ထမ်းတွေကလည်း ဒေသခံမဟုတ်တဲ့ မျက်နှာစိမ်းတွေ။ နေ့ဘက်မှာကော်ဖီ၊ ညဘက်မှာ ယမကာ ရောင်းတဲ့ဒီဆိုင်ဝန်ထမ်းတွေက ဟော့တာတော့အတော်ဟော့သည်။ ကြိုးတစ်ချောင်းနဲ့ ရင်ဘတ်နေရာအတော်များများပေါ်နေတဲ့အင်္ကျီက လီယမ် ကော်ဖီမှာနေတဲ့အချိန်ကထက်တောင် ပိုဟိုက်သွားသလိုပဲ။ လီယမ် တစ်ဖက်လူကို ခြုံငုံ ကြည့်မိသွားတာမို့ ခေါင်းငုံ့မိသွားရသည်။ မိန်းကလေးတစ်ယောက်ရဲ့အဝတ်အစားနဲ့ပတ်သက်ပြီး ဒီလိုတွေးမိတာက အားနာစရာကောင်းတယ်မလား။ လီယမ် ခေါင်းခါငြင်းဆိုလိုက်တဲ့အမူအရာနဲ့တစ်ပြိုင်နက် အရာအားလုံးရပ်တန့်သွားသလားထင်ရအောင် ဖြစ်စေတဲ့အသံတစ်သံထွက်လာသည်။

"ဘေဘီ..."

ခါးတစ်ဝိုက်ကို တင်းတင်းကြပ်ကြပ်ဖက်တွယ်လာသည့်လက်။ အပြုံးတွေနဲ့ ငုံ့မိုးကြည့်နေခဲ့သည့် ညို့ရီဝေတဲ့မျက်ဝန်း။ လီယမ့် ကမ္ဘာမှာ လီယမ့်ရင်ခုန်သံတစ်ခုသာ ရုန်းကန်ရှင်သန်နေသလိုပဲ။ ကောင်တာကဝန်ထမ်းတွေနဲ့ ဆိုင်ထဲမှာမိုးခိုနေတဲ့ လူတစ်ချို့ရဲ့အကြည့်တွေအကုန် လီယမ်တို့ဆီမှာပဲ စုပြုံကျနေတာတော့ လီယမ်သိသည်။ တစ်ချိန်တည်းမှာပဲ လီယမ် နားထင်စပ်တွေပူတက်လာပြီး လူကအခိုးအငွေ့လေးလို လွင့်တက်ပျောက်ကွယ်ချင်စိတ်တောင် ဖြစ်မိသွားသည်။ ဒါပေမယ့်လည်း နှုတ်ခမ်းတွေပြုံးနေမိပြီး လီယမ် ခေါင်းငုံ့လိုက်မိသည်။

မင်းအတွက်Where stories live. Discover now