Episode(18)

28K 2.9K 334
                                    

"Is he Joseph right?"

"Do you know him?"

ကယ်ဗင့်အစ်ကိုမေးလာတော့ လီယမ်စိတ်လှုပ်ရှားသွားရသည်။ လီယမ် Research အတွက် ခရီးထွက်ဖို့နဲ့၊ ကျောင်းကိစ္စတွေကြောင့် ဒီမှာအချိန်ပိုင်းဆက်မလုပ်ဖြစ်တဲ့အကြောင်း လာပြောပြရခြင်းဖြစ်သည်။ မနေ့ညကကိစ္စအတွက် အားနာရတာတွေလည်းပါတာပေါ့။ နောက်ပြီး လီယမ်အရှေ့တိုင်းစားသောက်ဆိုင်အချို့စုံစမ်းထားတာကလည်း နောက်ပညာသင်နှစ်အစမှာပဲ အလုပ်ရဖို့သေချာထားတာတွေလည်း ရှိနေပြီ။ နှစ်တွေအကြာကြီး အချိန်ပိုင်းလုပ်ဖြစ်ခဲ့တဲ့နေရာလေးကို သံယောဇဉ်တွယ်နေတာမို့ တကူးတကအချိန်ပေးပြီး ရောက်လာရသည်။ လီယမ် ပြန်မေးလိုက်တော့ ကယ်ဗင့်အစ်ကိုပုံစံက တွေးတွေးစစဖြစ်သွားခဲ့သည်။ ခေါင်းခါပြီး သက်ပြင်းလည်းချ၏။

လီယမ့်ကို ခဏစောင့်ခိုင်းပြီး ဆိုင်အပေါ်ထပ်ကိုတက်သွားသည်။ ဒီမှာက အိမ်ဆိုင်လိုသုံးထပ်ဆောက်ထားပြီး အချိန်ပြည့်အလုပ်သမားတွေရော ကယ်ဗင့်အစ်ကိုတို့မိသားစုရော နေတာဖြစ်သည်။ လက်ထဲမှာလာတဲ့ ဖိုင်တစ်ထပ်ကို လီယမ့်ရှေ့ချသည်။ အဲ့ဒါဓာတ်ပုံအယ်လ်ဘမ်တွေ။ ရက်စွဲအတိအကျရေးမှတ်ထားတဲ့ အယ်လ်ဘမ်စာမျက်နှာတွေကို တဖျတ်ဖျတ်လှန်သည်။ လီယမ်လိုက်ကြည့်နေတုန်းမှာပဲ ကယ်ဗင့်အစ်ကို လက်တွေရပ်သွားခဲ့၏။ ညွှန်ပြလာခဲ့သည့်ပုံတစ်ပုံ။ High School Graduation Ceremony လို့ ခေါင်းစီးရေးထားတဲ့ အောက်မှာ မတ်တပ်ရပ်နေကြသည့် ကျောင်းသားတစ်သိုက်။ တူညီဘွဲ့ဝတ်စုံတွေနဲ့။ ပထမဆုံး တွေ့လိုက်ရတာက ကယ်ဗင့်အစ်ကို။ နောက်တော့ ကြည့်လိုက်တာနဲ့ ထင်းခနဲမြင်လိုက်ရသည့် အပြုံးတွေနဲ့ ကျောင်းသားလေးတစ်ယောက်။ လီယမ်ပိုနီးကပ်သွားအောင် ဆွဲယူကြည့်မိရသည်။ အဲ့ဒါ ကိုကိုပဲ။ တကယ် ကိုကိုဖြစ်နေခဲ့တာ။

အရောင်ကင်းတဲ့အဖြူရောင်အပြုံးတွေလိုပဲ။ ဆေးသားမညီချင်တော့တဲ့ပုံမှာတောင် အပြုံးတွေကထင်းလို့။ မျက်ဝန်းတွေကတော့ ရှ့တည့်တည့်ကကင်မရာဆီမှာမရှိ။ ညာဘက်ခြမ်းကကျောင်းသားကိုပုခုံးဖက်ထားပြီး ငဲ့ကြည့်နေသည့်ပုံ။ ကိုကိုဖက်ထားတဲ့တစ်ယောက်က ကိုကို့ထက်တောင်ပိုကြည့်ကောင်းတယ်လို့ပြောလို့ရသည်။ မတည်မပြုံးနှုတ်ခမ်းတွေရယ်၊ မကျဉ်းလွန်းတဲ့မျက်လုံးအိမ်၊ မျက်ခုံးတန်းနက်နက်သွယ်သွယ်က မသိမသာတွန့်ချို့ထားသလိုပင်။ ပုံစံက မြင်လိုက်တာနဲ့ လည်ပြန်ငေးရမယ့်စတိုင်မျိုး။ အထက်တန်းဆို အလွန်ဆုံးရှိမှ လီယမ့်အရွယ်။ ဒါပေမယ့်လည်း အရပ်ရှည်တာက ကိုကိုနဲ့မတိမ်းမယိမ်း။

မင်းအတွက်Where stories live. Discover now