Min A Twet

23.3K 2.1K 97
                                    


October 19.2020.(Monday)
7:45 PM

##################

ပထမဆုံး ရေးဖူးတဲ့ mini story လေးရဲ့ main story က ဒီနေ့ပဲ ဇာတ်သိမ်းသွားပါပြီနော်။ တကယ်ကို တိတ်တိတ်လေး လျှောက်ဖြစ်တဲ့လမ်းမှာ ရုတ်တရတ်ကြီး အားလုံးက အတူတူရှိနေပေးကြတော့ အရင်နဲ့မတူတဲ့ အရင်ထက်ပိုပြီး ရလိုက်တဲ့ ခံစားချက်က တကယ်ကိုကျေနပ်စရာကောင်းပါတယ်။ ပထမ နှလုံးသားရပ်ဝန်းပြီးမှ တင်မယ်လို့ စဉ်းစားခဲ့ပေမယ့် ဒီလူကို မျက်နှာလွှဲထားလို့မရအောင် မြင်နေရတယ်။ တခြားဟာတွေကို ဖန်တီးလို့မရအောင် ဒီလူက တကယ်ကိုအတွေးထဲမှာလျှောက်သွားတာ။ နောက်ဆုံး နင် ဘယ်မှာလဲဆိုပြီး ဖမ်းထည့်ပြီးတာနဲ့ publish လုပ်ပစ်လိုက်မှ ရင်ထဲပေါ့သွားတယ်။ ဒီလူကို နားလည်ပေးနိုင်တဲ့လူ ဘယ်လောက်များများရှိပါ့မလဲပေါ့။ တကယ်ကို မမျှော်လင့်ရဲခဲ့တာ။ လီယမ်ဆိုတဲ့ကလေးလေးကတော့ ဒီလူကိုစသိတည်းက မြင်ခဲ့တဲ့ကောင်လေးပဲ။ ကိုကို့အတွက် ဖြစ်ပေးမယ့် လီယမ့်ကို တကယ်ကြောက်ခဲ့ရတာ။ တစ်စုံတစ်ခုမှာ ရူးသွပ်ဖြစ်လိုက်ဖို့ ဝန်မလေးတဲ့ ဆယ်ကျော်သက်လေးကို ကိုကိုဆိုတဲ့အသုံးအနှုန်းကြောင့် စိတ်ဓာတ်ကနုဖတ်နေတယ်ဆိုတာမျိုး မြင်မှာကြောက်တာ။ ပွင့်လင်းတယ်၊ တက်ကြွတယ်၊ ဆယ်ကျော်သက်တစ်ယောက်ရဲ့ ဇွတ်တရွတ်ဆန်မှုလေးတွေကို ချစ်စရာကောင်းတဲ့ဘောင်လေးထဲကို သွင်းတဲ့အချိန်က ရင်အခုန်ရဆုံးပဲ။ အစပိုင်းက အေးပြီးအီချင်သလိုဖြစ်တာမို့ ချက်ချင်း absorb လုပ်ဖို့မလွယ်တဲ့အတွက် ကိုယ်တိုင် ကိုယ့်ဇာတ်လမ်းကို ပြန်ညွှန်းဖို့ မရဲတဲ့အနေအထားကြီးဖြစ်ခဲ့တာပါ။ ဒါက ဘာဆိုတာကို သိပြီးဖတ်တာမျိုးထက် ဖတ်နေရင်းနဲ့မှ စိတ်ဝင်စားပြီး ဆက်ဖတ်သွားစေချင်တဲ့ ဇာတ်လမ်းပါပဲ။ အဲ့ဒါကြောင့် အခုဇာတ်သိမ်းသွားတယ်ဆိုပေမယ့် သူငယ်ချင်းတွေကို ပြန်လက်ဆင့်ကမ်းတဲ့အခါကျရင် ကိုကိုနဲ့ လီယမ်ဆိုတာရယ် နောက်ပြီး ခံစားရတာမျိုးကိုပဲ(ဥပမာ..ဖတ်ရတာ ဘယ်လိုခံစားရတယ်ဆိုတာမျိုး) မျှဝေပြီး sharing လုပ်ပေးဖို့ပဲ ဆုက မေတ္တာရပ်ခံချင်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ ဒါက မင်းအတွက်ရဲ့ main story အနေနဲ့ပဲ ဇာတ်သိမ်းသွားတာပါနော်။ Special Episode တွေထည့်သွားဖို့ကျန်သေးလို့ ထပ်တွေ့ကြပါဦးမယ်။ ဒီနေ့ဒီအချိန်ထိ ဒီကောင်မလေး ရေးသမျှ မငြီးမငြူ ဖတ်ပေးတဲ့ စာဖတ်သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

October 19.2020.(Monday)
7:45 PM

##################

မင်းအတွက်Where stories live. Discover now