Chapter-6

2.4K 240 2
                                    

Zawgyi

နေ့လည်တုန်းကတော့ ဟန့်မေမေကအခန်းထဲမှာနားနေသည်မို့ နှိုင်းထမင်းကိုလွတ်လွတ်လပ်လပ်စားလို့ရပေမယ့် ညဘက်ကျတော့ပါးရောင်နေတာကိုတွေ့သွားမည်စိုးသောကြောင့် ထမင်းစားခန်းထဲသွားရန်အခက်တွေ့နေသည်။

သူအခန်းထဲမှာထိုင်လိုက်၊ထလိုက်လုပ်နေတုန်းတံခါးခေါက်သံကြားလိုက်ရသောကြောင့် သူ့ကိုယ်လေးတစ်ချက်တုန်တက်သွားသည်။သူကြောက်ကြောက်နှင့်တံခါးသွားဖွင့်လိုက်ရာ သူ့ကြီးကြီးမဟုတ်သောကြောင့် သက်ပြင်းချလိုက်ရတော့သည်။

"ကိုကြီး"

"အင်း ရာရာ စားဖို့ထမင်းနဲ့ဟင်းလာပို့တာ။အောက်မှာစားရင်မေမေကမေးနေဦးမှာစိုးလို့။စားပြီးသွားရင်အခန်းထဲမှာပဲထားထားနော်။ပြီးရင်ကိုကြီးလာယူပေးမယ်"

"ဟုတ် ကျေးဇူးနော်။သားလည်းဗိုက်ဆာနေတာနဲ့အတော်ပဲ"

"အင်း အဲ့ဒါဆိုကိုကြီးသွားပြီနော်။ကောင်းကောင်းစား"

နှိုင်းပေးသောထမင်းပန်းကန်ကိုသူ့ရဲ့စာကြည့်စားပွဲပေါ်မှာတင်လိုက်ပြီး သူကတော့ခုံမှာထိုင်လိုက်သည်။ထမင်းစားနေရင်းဖုန်းသုံးနေတုန်း လှိုင်းကသူ့ကိုစာပို့လာသည်။

"ဟေ့ရောင် သက်သာလား"

"မသက်သာသေးဘူး။သူ့လက်ကြီးနဲ့ထိုးလိုက်တာ အခုထိရောင်နေတုန်း"

"အဲ့ဒါကြောင့်ပြောတယ်။သွားဖွင့်မပြောပါနဲ့ဆိုနေမှ"

"ဟာ ငါမပြောရင်ကိုကိုကငါသူ့ကိုချစ်နေတာဘယ်သိတော့မလဲ ငတုံးရဲ့"

"အေး အခုတော့အထိုးခံရပြီမလား။ရွတာကိုး.....နည်းတောင်နည်းသေးတယ်။အချိန်မလွန်ခင်လက်လျော့လိုက်ပါလားကွာ။မင်းလည်းသူ့ကိုသဘောကျတုန်းအဆင့်ပဲရှိသေးတာကို"

"အား ခွေးကောင်......ငါကိုကို့ကိုသဘောပဲကျတယ်လို့ဘယ်သူပြောလဲ။တကယ်ချစ်တာလဒရဲ့။လက်လည်းလျော့ဖို့စိတ်ကူးမရှိဘူး။ကိုကိုကငါ့ကိုပြန်ချစ်လာမယ်ဆိုတာကိုငါယုံတယ်"

"ဟူး တော်ပြီ တော်ပြီ။မင်းကပြောလို့ရမှာလည်းမဟုတ်ဘူး။လိုက်ချင်သပဆိုလည်းလိုက်တော့ဟေ့ မတားတော့ဘူး။မြင်ယောင်နေတယ် နှိုင်းစေရာမျက်နှာကတော့ကိုအလင်္ကာရဲ့ထိုးချက်တွေနဲ့ပြည့်တော့မယ်ဆိုတာ"

Puppy LoveWhere stories live. Discover now