Chapter-30

1.7K 143 1
                                    

Zawgyi

ကျောင်းပိတ်ရက်တွေပြီးသွားတော့ ထုံးစံအတိုင်းပဲ နှိုင်းတို့ကျောင်းပြန်တက်ရမယ့်နေ့ကိုပြန်ရောက်လာသည်။မန္တလေးမှာနေသည့်တစ်ပတ်လုံး သူဇွဲပြည့်တို့ကိုမဆက်သွယ်ဖြစ်။ဆက်သွယ်ဖို့ပျင်းနေတယ်လို့ ပြောရင်တော့ ပိုမှန်မလားပဲ။

အဲ့ဒီမှာတုန်းကနေ့တိုင်းသူအလင်္ကာနဲ့ဖုန်းပြောဖြစ်တယ်။တစ်ခါတလေကျတော့ ဟန်နှင့်ဆက်တို့အပြင်သွားတာကိုလိုက်သွားပြီး ကျန်တဲ့အချိန်ကျတော့ သူ့နဲ့ငယ်ငယ်ကခင်တယ်လို့ပြောလို့ရတဲ့ သူငယ်ချင်းတချို့နဲ့ ဘောလုံးကန်ဖြစ်တယ်။

ပြီးတော့တစ်ခုထူးဆန်းတာရှိသေးတယ်။မေမေနဲ့ဖေဖေကအရင်ကနဲ့မတူတော့ဘဲ သူ့ကိုသိပ်ပြီးမချုပ်ချယ်တော့။အင်းပေါ့လေ....တက္ကသိုလ်ကျောင်းသားတောင်ဖြစ်နေပြီပဲ။တချို့အရာတွေဆိုရင်တော့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့လွတ်လပ်ခွင့်တော့ပေးသင့်တာပေါ့။ပြီးတော့သူကလည်း ဆိုးသွမ်းနေတဲ့ကလေးမှမဟုတ်တာ။

သူအတွေးထဲမှာနစ်မျောနေတုန်း ကားကတုန့်ခနဲရပ်တန့်သွားသောကြောင့် ဘေးဘီကိုကြည့်လိုက်တော့ ဩော် ကျောင်းတောင်ရောက်သွားပြီပဲ။မြန်လိုက်တာ။အလင်္ကာကခါးပတ်ကိုချွတ်ပေးတော့ နှိုင်းကပြုံး၍အလင်္ကာ့ရဲ့အပြုအမူတစ်ခုစီတိုင်းကို သေချာလိုက်ကြည့်နေသည်။

"ကဲ ရပြီ ဆင်းတော့။နေ့လယ်ကျရင်ကန်တင်းလာခဲ့နော်"

"ဟုတ် အဲ့ဒါဆိုကျွန်တော်သွားတော့မယ်နော်"

"နေဦး။နှိုင်းတစ်ခုခုမေ့နေတယ်မထင်ဘူးလား"

"ဟင် ဘာကိုလဲ"

"စဉ်းစားလေ မှတ်မိအောင်"

"အယ်......ဩော် သိပြီ ဟီးဟီး"

အဲ့တော့မှအလင်္ကာကပြုံးကာ မျက်လုံးကိုမှိတ်လိုက်သည်။နှိုင်းလည်းသူ့အရှေ့သို့တိုးကာ ပါးကိုတစ်ချက်နမ်းလိုက်တော့မှ ကျေနပ်ဟန်ရှိသွားသလိုမျက်လုံးကိုပြန်ဖွင့်ပြီး နှိုင်း၏ခေါင်းကိုဖွလိုက်သည်။နှိုင်းကတော့သူလုပ်သမျှကိုခပ်ပြုံးပြုံးပင်ကြည့်နေတာပေါ့။

"တာ့တာ ကျွန်တော်သွားပြီနော်။နေ့လယ်ကျရင်ကန်တင်းမှာတွေ့မယ်"

Puppy LoveWhere stories live. Discover now