Chapter-33||Final||

3.6K 165 5
                                    

Zawgyi

အလင်္ကာရုံးကပြန်ရောက်ရောက်ချင်း နှိုင်းတို့အိမ်ကိုချက်ချင်းအပြေးသွားရသည်။အိမ်ရှေ့ကိုရောက်တော့ ဖုန်းကိုထုတ်လိုက်ကာ နှိုင်းကိုချက်ချင်းဖုန်းဆက်သည်။

"ဟယ်လို ကိုကို"

"အင်း နှိုင်းလား ကိုယ်ခြံရှေ့ရောက်နေလို့ ခဏလောက်အောက်ဆင်းလာခဲ့ပါလား။ကိုယ်နှိုင်းနဲ့တွေ့ချင်လို့"

"ဟုတ် ကျွန်တော်အခုလာပြီနော်။ဒါပဲနော်"

နှိုင်းလည်းအလင်္ကာဖုန်းချသွားတာနဲ့တစ်ပြိုင်နက် အောက်ကိုပြေးဆင်းလာခဲ့တော့သည်။ခြံပြင်ရောက်တော့ အလင်္ကာကသူ့ပခုံးကိုလှုပ်ခါမေးလေသည်။အလင်္ကာ့ရဲ့နှလုံးခုန်သံတွေကမြန်လွန်းလို့ သူတောင်သေချာရှင်းရှင်းလင်းလင်းကြားနေရသည်။

"နှိုင်း"

"ဗျာ"

"နှိုင်း ဖေဖေနဲ့မေမေကကိုယ်တို့ကိုတကယ်လက်ခံလိုက်တာလား"

"ဟုတ်တယ်လေ ကိုကိုရဲ့။ကျွန်တော်စာပို့လိုက်တယ်လေ ကိုကို့ကို"

"ကိုယ်.....ကိုယ်အခုထိမယုံနိုင်သေးဘူး။တကယ်လက်ခံလိုက်တာလား"

"အာ တကယ်ပေါ့ ကိုကိုကလည်း။ကျွန်တော်ကညာစရာလား"

"အား ကိုယ်ပျော်လိုက်တာကွာ"

အလင်္ကာအပျော်လွန်ပြီ နှိုင်း၏ခါးကနေမြှောက်ချီကာ တစ်ပတ်လှည့်လိုက်သည်။နှိုင်းကတော့ခေါင်းတွေတောင် မူးချင်သလိုလိုဖြစ်နေပြီ။ကိုကိုကဘာလို့အဲ့လောက်တောင် ရွစိထိုးနေရတာလဲ။

"ကို.....ကိုကို ကျွန်တော်မူးလာပြီ။အောက်ချပေးဦး အော့"

"ဆောရီး ကိုယ်တောင်းပန်ပါတယ်။တကယ်အရမ်းအပျော်လွန်သွားလို့"

ခေါင်းငုံ့ကာအပြစ်သားတစ်ယောက်လို မျက်နှာငယ်လေးနှင့်ရှင်းပြနေသော ကိုကိုက အလွန်ပင်ချစ်ဖို့ကောင်းလွန်းသောကြောင့် နှိုင်းသူ့ခါးကိုဖက်လိုက်ကာ ရင်ခွင်ထဲသို့တိုးဝင်လိုက်သည်။ထိုအခါအလင်္ကာကလုပ်နေကျအတိုင်းပင် သူ့ဆံပင်များကိုနမ်းရှုံ့လာသည်။

"ကျွန်တော်လည်းအရမ်းပျော်တာပဲ။ဒီနေ့ပျော်တဲ့အပျော်ကတကယ်မပြောပြတတ်အောင်ပဲ"

Puppy LoveWhere stories live. Discover now