Chapter-32

1.4K 141 2
                                    

Zawgyi

အချိန်တွေကတဖြည်းဖြည်းတိုက်စားလာရင်းကုန်ဆုံးခဲ့တာ အခုဆိုနှိုင်းတို့တောင် ဘွဲ့ယူရမယ့်အချိန်ရောက်လာပြီလေ။အလင်္ကာကတော့ဘွဲ့ရပြီးလို့ သူ့အဖေကုမ္ပဏီမှာ အလုပ်ဝင်နေပြီဖြစ်သည်။သူ့သူငယ်ချင်းတွေနဲ့စပ်တူဖွင့်ထားတဲ့cafeကိုလည်း တစ်ခါတလေတော့သွားဖြစ်တာပေါ့။

အဲ့ဒီ့cafeကအခုဆိုတော်တော်လေးကိုအောင်မြင်လာတာ။အဓိကကတော့ လူငယ်တွေကြားထဲမှာရေပန်းစားတာပေါ့။ဆိုင်ခွဲတွေဆို သုံးခုလောက်တောင်ဖွင့်ထားရသည်အထိကို တော်တော်နာမည်ကြီးလာတာဖြစ်သည်။

ဒီကြားထဲမှာပြောင်းလဲသွားတာတွေကတော့ အများကြီးပဲ။အထူးသဖြင့် သဇင်နဲ့ထက်ဘုန်းပေါ့။မွေးကတည်းကsingleဖြစ်လာတဲ့ သဇင်ကအခုတော့သူ့ထက် သုံးနှစ်လောက်ငယ်တဲ့ကောင်လေးတစ်ယောက်နဲ့ကြိုက်သွားသည်လေ။

ပြီးတော့ ထက်ဘုန်းညီ.....သူ့အဖြစ်ကလည်းလုံးဝကိုအံ့ဩစရာပဲ။Play boyကြီးဖြစ်ပြီး ကောင်လေးတွေဆိုသွက်သွက်လက်လက်ရှိတာတွေနဲ့ တွဲခဲ့သမျှ ကျောင်းမှာသူ့ရဲ့typeနဲ့လုံးဝဆန့်ကျင်ဘက် စာဂျပိုးကောင်လေးကိုမှချစ်မိသွားတယ်တဲ့လေ။ပုံမှန်ဆို ကောင်လေးတစ်ယောက်ဆီကအဖြေရဖို့ နှစ်ရက်လောက်တောင်စောင့်ဖို့ စိတ်မရှည်တဲ့သူက ထိုကောင်လေးကိုတော့ တစ်နှစ်နီးပါးလိုက်ပြီးမှအဖြေရခဲ့တယ်တဲ့။ရယ်ဖို့တော့ကောင်းသား။

ဇွဲပြည့်နဲ့သုတတို့အတွဲကတော့ ရန်ဖြစ်လိုက်၊ပြန်တည့်လိုက်နဲ့ ချာလပတ်လည်နေကြသည်။ဘုန်းပြည့်တို့ကျတော့လည်း တစ်ခါတလေကတောက်ကဆဖြစ်ကြသည်။အဓိကအကြောင်းအရင်းကတော့ အရင်ကဘုန်းပြည့်တွဲခဲ့တဲ့ ရည်းစားဟောင်းတွေကြောင့်ပေါ့။ဒါပေမယ့်လည်း သိပ်မကြာပါဘူး ပြန်အဆင်ပြေသွားကြတာ။

အလင်္ကာနဲ့နှိုင်းတို့ကတော့ အဆင်ပြေကြတာများသည်။ဒါပေမယ့် သူတို့တစ်နှစ်ပြည့်လောက်မှာ အကြီးအကျယ်ရန်ဖြစ်ပြီး လမ်းခွဲလုနီးနီးဖြစ်ခဲ့ပေမယ့်လည်း သူတို့နှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက်ပြတ်မှမပြတ်နိုင်တာ။အဲ့ဒီတော့လည်း နှစ်ယောက်စလုံးက အချင်းချင်းပြန်တောင်းပန်ပြီး ပြေလည်ခဲ့ကြတာပေါ့။

Puppy LoveWhere stories live. Discover now