Chapter-16

2K 191 0
                                    

Zawgyi

သူတို့ခရီးကပြန်ရောက်ပြီးနောက် အရာအားလုံးကမပြောင်းလဲဘဲ အရင်ကလိုပုံမှန်လည်ပတ်နေခဲ့သည်။အဲ....ပြောင်းလဲသွားတာတစ်ခုကတော့ဘုန်းပြည့်နဲ့လပြည့်တို့က သူငယ်ချင်းအဆင့်ထက်ပိုသွားတယ်လေ။နှုင်းသူတို့နှစ်ယောက်ကိုကြည့်ကာအားကျမိပါသည်။နောက်ဆုံးတော့ကိုဘုန်းပြည့်ရဲ့ကြိုးစားမှုတွေကအရာထင်ခဲ့သည်လေ။

နှိုင်းလည်းသူ့လိုပဲ ကိုကိုနဲ့အမြန်ဆုံးအဆင်ပြေချင်နေပြီ။အခုဆိုသူကိုကို့ကိုလိုက်နေတာ ခြောက်လနီးပါးလောက်တောင်ရှိနေပြီ။ကိုကို့ဘက်ကနှိုင်းကိုချစ်ဖို့နေနေသာသာ ကြွေတဲ့အရိပ်အယောင်နည်းနည်းလေးတောင်မပြ။ချစ်ပေမယ့်တခါတစ်လေအဲ့လူကြီးကိုရိုက်သတ်ချင်လာပြီ။လူကြီးဖြစ်ပြီးဘာလို့အဲ့လောက်တောင်မူရတာလဲ မိန်းကလေးလည်းမဟုတ်ဘဲနဲ့ကို။

သူ့ဘက်ကဒီလောက်တောင် လိုက်တွယ်ကပ်နေတာကို ကိုကိုကတော့ ရေခဲတုံးကြီးလိုပဲအေးတိအေးစက်နဲ့။ကိုကိုကသူ့ကိုကြိုးရှည်ရှည်နဲ့လှန်ထားတယ်လို့ပြောရအောင်လည်း ဒါကသူ့သဘောနဲ့သူကိုကို့ကိုလိုက်နေတာမလား။ကိုကိုကတကယ်သူ့ကိုမချစ်ပဲ မိန်းကလေးတွေကိုပဲစိတ်ဝင်စားတာများလား။မဖြစ်နိုင်တာ ကိုကိုသာမိန်းကလေးတွေကိုစိတ်ဝင်စားရင် ဟိုအမနဲ့တွဲမှာပေါ့။ဟိုအမဆိုမှ.....အဲ့အမတောင်fresher welcomeပြီးတဲ့နောက် သူ့ကိုပြဿနာလာမရှာတော့။လမ်းမှာတွေ့ရင်တော့ မျက်စောင်းထိုးပြနေဆဲပင်။ဒါလည်းသူကတော့ဂရုမစိုက်ပါ။

သူ့အတွက်အခုချိန်မှာ အရေးကြီးတာကတစ်ခုပဲ။စာလုပ်ရမှာလို့ထင်နေရင် အမှားကြီးမှားသွားမှာပေါ့။သူ့အတွက်အရေးအကြီးဆုံးကကိုကို့ဆီကတန်ပြန်အချစ်ကိုရဖို့ပဲလေ။ဘယ်လိုပဲဖြစ်ဖြစ်အလင်္ကာဆိုတာ နှိုင်းစေရာအပိုင်မို့လို့ သူ့ကိုပြန်ကိုပြန်ချစ်ရမယ်။မဟုတ်ရင်ကိုကို့ကိုခိုးပြေးဖို့အထိသူစဉ်းစားပြီးသားလေ။

♤♤♤♤♤♤♤♤♤♤

ဒီနေ့ကတော့နှိုင်းရဲ့ကျောင်းပိတ်ရက်ဖြစ်သည်။သူအခန်းထဲမှာစာအုပ်ထိုင်ဖတ်နေရင်း ပျင်းလာသောကြောင့်စာအုပ်ကိုစားပွဲပေါ်မှာတင်လိုက်ရင်း သူ့ရဲ့မျက်ရိုးတွေကိုလက်နှင့်ခပ်ဖွဖွနှိပ်ပေးနေသည်။

Puppy LoveWhere stories live. Discover now