Chapter-26

1.9K 154 0
                                    

Zawgyi

နှိုင်းအသက်ရှူကြပ်လာတာကြောင့် အလင်္ကာ့ကို အတင်းတွန်းရသည်။မဟုတ်ရင်လွှတ်မည့်ပုံမပေါ်တော့။နှိုင်းတွန်းတာကိုခံစားလိုက်ရမှ အလင်္ကာလည်း လွှတ်ပေးလိုက်တော့သည်။ထို့နောက်နှိုင်း၏ကိုယ်လေးကို မြေပြင်ပေါ်သို့ပြန်ချပေးလိုက်တော့ နှိုင်းက ဆူပုတ်ပုတ်ရုပ်လေးနှင့် မော့ကြည့်လာသည်။အသည်းယားစွာ နှာခေါင်းလေးကိုတစ်ချက်ညှစ်မိတော့ မျက်စောင်းကသူ့ဆီကိုတန်းကနဲပင်။

"ဘာဖြစ်တာတုန်း ရုပ်လေးကလည်း"

"ဘာဖြစ်ရမှာလဲ ကိုကို ကျနော့်နှုတ်ခမ်းကိုကိုက်လိုက်တယ်လေ။ဒီမှာကြည့် သွေးထွက်သွားပြီ။စပ်လိုက်တာ"

"နှိုင်းနှုတ်ခမ်းလေးကပျော့ပျော့အိအိလေးမို့လို့ ကိုယ်ကအသည်းယားလို့ကိုက်လိုက်မိတာပါ။အရမ်းနာနေတာလားဟင်"

"အဟမ်း မ......မနာပါဘူး ကျနော်အဆင်ပြေပါတယ်"

"အင်း အဲ့ဒါဆိုတော်သေးတာပေါ့။ဒါနဲ့လေနှိုင်းတစ်နေ့ကိုထမင်းဘယ်နှခါစားလဲဟင်"

"ထမင်းကတော့နှစ်ခါပဲစားတာလေ။ဒါပေမယ့်ကြားထဲမှာဗိုက်ဆာလာရင်တော့ ဟိုဟာစားလိုက်၊ဒီဟာစားလိုက်လုပ်တာပေါ့။ဘာလို့လဲ"

"အဲ့ဒါကြောင့်နဲ့တူတယ်။ခုနကကိုယ်နှိုင်းကိုချီထားတုန်းက တော်တော့ကိုလေးတာ။လက်အံတောင်သေသွားပြီလားမသိဘူး။မနည်းချီထားရတယ်"

"အား ကိုကို။ခင်ဗျားကမကောင်းတဲ့လူကြီး။သူများကိုbody shamingလုပ်တာလား။အရူးကြီး"

"အယ် အယ် ရိုင်းလှချည်လား။အရင်တုန်းကတော့ ကိုကို ကိုကိုနဲ့ဖြစ်နေပြီးတော့ အခုတော့ ခင်ဗျားကြီး၊အရူးကြီးတဲ့လား။ဘာလဲ နှိုင်းကကိုယ့်ကိုမရခင်တစ်မျိုး၊ရပြီးတစ်မျိုးဆက်ဆံတာလား"

မျက်နှာကြီးကိုမဲ့ရွဲ့ကာပြောနေသော အလင်္ကာ့ကိုကြည့်ပြီး နှိုင်းဗိုက်နှိပ်ကာရယ်တော့သည်။ကိုကိုကလူစားများထိုးသွားတာလား။ဘယ်လိုဖြစ်လို့ အဲ့လောက်တောင်ပေါလာရတာလဲ။အား.....ပေါနေတာတောင်ခန့်ညားနေလွန်းလို့ဘယ်လိုလုပ်ရမလဲ ဒီကိုကိုတစ်ယောက်နဲ့တော့။

Puppy LoveWhere stories live. Discover now