Chapter-12

2K 199 0
                                    

Zawgyi

နှိုင်းစေရာအခုဆိုအလင်္ကာ့ကိုလိုက်နေတာ သုံးလကျော်လေးလနီးပါးလောက်ပင်ဖြစ်နေပြီဖြစ်သည်။တစ်နည်းပြောရရင်အလင်္ကာသူနဲ့ကျောင်းအတူတူသွားတာလေးလနီးပါးရှိပြီပေါ့။သူတို့ရဲ့အခြေအနေကအရင်အတိုင်းပါပဲ။ဒါပေမယ့်နှစ်စကထက်စာရင်တော့ အလင်္ကာကသူ့အပေါ်အရင်လောက်မစိမ်းကားတော့ချေ။သူ့ဘက်ကတော့ အချိန်တိုင်းလိုလိုစကားသွားပြောပေမယ့် အလင်္ကာကတော့ စကားကိုပိုမပြော၊ပြောသင့်သလောက်သာပြောသည်။ဘယ်လိုပဲဖြစ်ဖြစ်သူဒီအခြေအနေလေးကိုပဲ ကျေနပ်သည်။ယုံလည်းယုံကြည်သည်......ကိုကိုသူ့ကိုပြန်ချစ်လာမယ်ဆိုတာ။

ဒီနေ့ကတော့သူတို့major tripသွားရမယ့်နေ့ပေါ့။Fresher welcomeကိုကျောင်းမှာမလုပ်ချင်သောကြောင့် ပုဂံကိုtripထွက်ရင်းလုပ်ဖို့စီနီယာအကို၊အမတွေကဆုံးဖြတ်လိုက်ကြသည်။နှိုင်းအခုလိုမျိုးရွယ်တူသူငယ်ချင်းမှာနှင့် ခရီးသွားရမည်မှာပထမဆုံးဖြစ်သောကြောင့် အလွန်စိတ်လှုပ်ရှားနေပေသည်။သူ့ရဲ့ခရီးဆောင်အိတ်ထဲကို အဝတ်အစားတွေထည့်နေတုန်း ဟန်ကအခန်းထဲကိုဝင်လာသည်။

"ရာရာ ဒီမှာရာရာခရီးသွားရင်သုံးလို့ရအောင်ကိုကြီးပေးတာ"

"အာ ကိုကြီးကလည်းသားကရပါတယ်။မေကြီးတို့ပေးထားတဲ့မုန့်ဖိုးတွေလည်းရှိတာကို"

"တီတီတို့ပေးထားတဲ့မုန့်ဖိုးကစုထားပေါ့ ရာရာရဲ့။ဘာလဲ ရာရာကညီအစ်ကိုအချင်းချင်းတောင်အားနာတာလား"

"မဟုတ်ပါဘူး ပေးပေး။သားကောင်းကောင်းသုံးမယ်နော် ဟီးဟီး"

"ဟုတ်ပါပြီ အဲ့ဒါဆိုအဝတ်အစားထည့်ပြီးရင် ရေချိုး၊အင်္ကျီလဲထားနော်"

"ဟုတ် ကိုကြီး"

နှိုင်းအိပ်ရာပေါ်မှာကျန်ရှိနေသောအဝတ်အစားတချို့ကိုထပ်ထည့်လိုက်သည်။ကိုကြီးကတော့သူ့အိတ်ကိုအောက်ကိုသယ်သွားပေးသည်။သူလည်းရေချိုးခန်းထဲဝင်ကာမျက်နှာသစ်ရေချိုးလိုက်သည်။ထို့နောက်ဗီရိုထဲမှထဲမှTeeအဖြူရောင်ပြောင်လေးနှင့် ဒူးဖုံးဘောင်းဘီတစ်ထည်ကိုထုတ်လိုက်ပြီး လဲလိုက်သည်။ပြီးနောက် အပေါ်ကနေအနွေးထည်အပါးလေးကိုထပ်ကာဝတ်လိုက်ပြီးနောက် ဟိုလျှောက်ထည့်၊ဒီလျှောက်ထည့်နှင့်ထည့်ထားသော လွယ်အိတ်ကိုလွယ်ကာအောက်ဆင်းလာခဲ့သည်။

Puppy LoveWhere stories live. Discover now