Chapter-8

2.1K 219 0
                                    

Zawgyi

သဇင်တို့ငါးယောက်ကစကားလက်ဆုံကျနေတုန်း နှိုင်းကတော့သူ့အအေးသူငုံ့သောက်ကာဘယ်သူ့ကိုမှစကားမပြောသော အလင်္ကာ့ကိုကြည့်နေသည်။ဒီလူကဘာလို့အဲ့လောက်တောင်ချောနေရတာလဲ။ဒီလောက်မာနကြီးတာတောင် ကောင်မလေးတွေကဝိုင်းဝိုင်းလည်နေတာပဲ။ဟူး......စိတ်မချဘူး။ငါ့အပိုင်ဖြစ်အောင်မြန်ုမြန်လုပ်မှရမယ်။မဟုတ်ရင် သူများနောက်ပါသွားလိမ့်မယ်။

သူအလင်္ကာ့နားကိုနီးသထက်နီးအောင်ခုံကိုဆွဲပြီး ကပ်ထိုင်လိုက်သည်။ထို့နောက်အလင်္ကာ့နားနားကိုကပ်ပြီးနာမည်ကိုတိုးတိုးလေးလှမ်းခေါ်လိုက်သည်။

"ကိုကို"

နဂိုတည်းကသူတို့နှစ်ယောက်မျက်နှာကနီးကပ်နေသောကြောင့် အလင်္ကာကထပ်လှည့်လိုက်တော့ သူတို့ကြားမှာအခုဆိုတစ်စင်တီမီတာလောက်တောင်မခြားတော့ပေ။သူ့ကိုမျက်နှာသေနှင့်ကြည့်နေသော အလင်္ကာကိုနှိုင်းကရီပြလိုက်တော့ အလင်္ကာလည်းသူ့ကိုယ်သူတောင် မသိလိုက်ဘဲပြုံးလိုက်မိသည်။

သူ့ကိုကြည့်ကာပြုံးနေသောအလင်္ကာကြောင့်နှိုင်းရီပြနေရင်းမှပင်ကြောင်သွားသည်။ဘာလဲ.......ကိုကိုကသူ့ကိုချက်ချင်းကြီးကြိုက်သွားတာတော့မဟုတ်ဘူးမလား။အား ရင်တွေခုန်လာပြန်ပြီ။ကိုကိုရေ မြန်မြန်အကြည့်လွှဲလိုက်ပါတော့။မဟုတ်ရင်ကျွန်တော်ဒီမှာအသက်ရှူရပ်ပြီးသေတော့မယ်။

ထိုစကားများကိုစိတ်ထဲတွင်သာအော်ပြောနေပြီး အပြင်မှာတော့ထုတ်မပြောဖြစ်ခဲ့ပေ။သူတို့နှစ်ယောက်လည်းတစ်ယောက်နှင့်တစ်ယောက်အကြည့်မလွှဲမိကြ။အထူးသဖြင့်အလင်္ကာကအညို့ခံထားရသောလူတစ်ယောက်လိုမျိုး မျက်တောင်တောင်မခတ်ဘဲနှိုင်းကိုကြည့်နေသည်။ဘေးနားမှာလူတွေရှိနေသည်တောင်သတိမထားမိသည်အထိပေါ့။

သူတို့နှစ်ယောက်ကျောက်ရုပ်လိုငြိမ်သက်နေတာကို သဇင်ကသတိထားမိသွားတော့ဘုန်းပြည့်တို့ကိုလက်တို့လိုက်သည်။သူတို့ငါးယောက်လုံးရုပ်ကာပြီတီတီနှင့်ဖြစ်နေကြသည်။နှိုင်းတို့နှစ်ယောက်ကြားကငြိမ်သက်နေသောလေထုသည် သဇင့်၏အော်သံကြောင့်ပြန်အသက်ဝင်လာခဲ့သည်။အလင်္ကာရှက်ရှက်နှင့်မျက်နှာလွှဲလိုက်မိသည်။Damn......ငါဘာလို့အဲ့လောက်တောင်စိုက်ကြည့်မိသွားတာလဲ။အရှက်တော့ကွဲပါပြီ သူကရောဘာလို့ငါ့ကိုလာရီပြတာလဲ။ဟုတ်တယ် သူရီပြလို့ငါကြည့်မိသွားတာ.....သူသာမရီပြရင်ငါကြည့်စရာအကြောင်းမရှိဘူး။ငါမှားတာမဟုတ်ဘူး အဲ့ဒီဂျပုကောင်မှားတာ။

Puppy LoveWhere stories live. Discover now