Zawgyi
ထုံးစံအတိုင်းစာသင်ပြီးတော့ နှိုင်းတို့သုံးယောက်ကန်တင်းလာခဲ့ကြသည်။နှိုင်းရဲ့ကံကပဲတက်နေသလား၊အလင်္ကာကပဲကံဆိုးနေလားတော့မသိ နှိုင်းတို့ကန်တင်းရောက်တဲ့အချိန်အလင်္ကာတို့ကလည်း ကန်တင်းထိုင်နေကြသည်။နှိုင်း အလင်္ကာ့ဆီရောက်ချင်စောနှင့်မြန်မြန်ပြေးသွားလိုက်သည်။နှိုင်းရောက်လာတော့ သဇင်ကအလိုက်တသိနှင့်ပြုံးစိပြုံးစိလုပ်ပြီးနေရာဖယ်ပေးလိုက်သည်။
"ကိုကို!!!ကျွန်တော်ဒီမှာထိုင်မယ်နော်"
"အင်း ထိုင်ပေါ့"
"ရာရာရယ် ပြေးသွားတာမြန်လိုက်တာ။ငါတို့ကိုလည်းနည်းနည်းပါးပါးစောင့်ပါဦး"
"မင်းတို့ကငါ့ကိုမှီအောင်လိုက်ပါလား။လမ်းလျှောက်တာကိုကနှေးတိနှေးတိနဲ့ လိပ်လိုလျှောက်ပြီးငါ့ကိုမမှီတာတော့မတတ်နိုင်ဘူးလေ"
"ခွေးကောင်!!!"
"ခွီး.......မောင်လေးတို့လည်းထိုင်ကြလေ"
"ဟုတ် အမ"
နှိုင်းတို့သုံးယောက်လည်းသူတို့ဝိုင်းမှာဝင်ထိုင်လိုက်ကြသည်။နှိုင်းကအလင်္ကာ့နားကိုအတင်းတိုးလာပြီး ဘာသောက်နေလဲဆိုတာလိုက်စပ်စုနေသည်။
"ကိုကို အဲ့ဒါဘာသောက်နေတာလဲဟင်"
"အအေးလေ ဘာလဲ သောက်ချင်လို့လား"
"ဟုတ်"
"သောက်ချင်ရင်မှာလေ။ဘာလို့ငါ့ဟာလာကြည့်နေတာလဲ"
"ကိုကို့အအေးနည်းနည်းတိုက်လေ။ကျွန်တော်ကမှာလိုက်ပြီးမှမကြိုက်ရင် အလကားဖြစ်သွားမှာစိုးလို့"
"အာ.....မရပါဘူး။ကိုယ့်ဟာကိုယ်မှာသောက်"
"ကိုကိုကလည်း.....နည်းနည်းလေးဒီလောက်ပိစိလေးပဲသောက်မှာလေ"
"ပိစိလည်းမသောက်နဲ့။ပေါက်စလည်းမသောက်နဲ့။သောက်ချင်ရင်ကိုယ့်ဘာသာကိုယ်ဝယ်သောက်"
"ကိုကို့ဆီကပဲသောက်ချင်တာကို......"
အသံကိုအရှည်ကြီးဆွဲကာပြောနေပြီး မျက်နှာကိုမဲ့ထားသည့်နှိုင်းလေးကို အလင်္ကာကြည့်ရင်းပြုံးလိုက်မိသည်။ဘယ်လောက်တောင်ကလေးဆန်လိုက်သလဲ။အသက်ကပဲ၁၇လောက်ဖြစ်နေပြီ.......ငါးနှစ်သားလေသံနဲ့။ချစ်ဖို့ကောင်းလွန်းတယ် အာ မဟုတ်ပါဘူး စိတ်ပျက်ဖို့ကောင်းလွန်းတယ်။
YOU ARE READING
Puppy Love
RomanceI never believed in love at first sight until I met you. Well,this is my second OC fic.Enjoy my readernims!!! Note-This fiction is just my imagination.Thank you. Start date-1/9/2020 End date-23/10/2020