Chapter-22

1.9K 167 2
                                    

Zawgyi

အလင်္ကာအိမ်ပြန်ရောက်တာနဲ့ သူ့အခန်းထဲသို့မဝင်သေးဘဲ သူ့မေမေနှင့်ဖေဖေရှိရာအခန်းသို့ဝင်သွားလိုက်သည်။အခန်းထဲရောက်တော့ သူ့မေမေကဖေဖေ့ကိုနင်းနှိပ်ပေးနေသည်။သူပြုံးလိုက်ပြီးသူတို့နားကိုသွားလိုက်သည်။သူ့ကိုတွေ့တော့ သူ့မေမေကနှိပ်ပေးနေတာကိုရပ်လိုက်ပြီး သူ့ကိုကြည့်လာသည်။

"ဘာပြောစရာရှိလို့လဲ သား"

"ဩော် ဟို ဒီနေ့နှိုင်းစေရာ သားတို့အိမ်လာမလို့"

"ဟယ် ရာရာလေးကအိမ်လာမှာလား"

"ဟုတ် စာမေးပွဲနီးလာတော့ သားနဲ့အတူတူစာလုပ်ဖို့ပြောထားလို့"

"ကောင်းတာပေါ့ သားရဲ့။နေပါဦး ရာရာလေးလာရင်စားလို့ရအောင်တစ်ခုခုသွားလုပ်မှ။အကို.....ကြည်အောက်ထပ်မှာစားစရာသွားလုပ်လိုက်ဦးမယ်နော်။အကိုသက်သာပြီမလား"

"အင်း သွားလုပ်လေ ကြည်ရဲ့။ကိုယ်လည်းသက်သာနေပါပြီ"

"ဒါဆိုသားလည်းရေသွားချိုးလိုက်ဦးမယ်နော်"

"အေးအေး သားလေး"

သူ့မိဘများနှင့်စကားပြောပြီးနောက် အလင်္ကာလည်းသူတို့ဆီမှထွက်လာခဲ့သည်။သူ့အခန်းထဲဝင်ပြီးနောက် ပထမဆုံးပြုလုပ်သည့်အရာက တိုလီမုတ်စတွေနှင့်ရှုပ်ပွနေသော သူ့အခန်းကိုရှင်းခြင်းဖြစ်သည်။

သူ့အခန်းက သူ့သူငယ်ချင်းများ၏အခန်းနဲ့ယှဉ်လျှင်အတော်လေး ရှင်းသည်ဟုပြော၍ရသော်လည်း ယောက်ျားလေးတစ်ယောက်နေတဲ့အခန်းမို့လို့ ဟိုတစ်စ၊ဒီတစ်စရှုပ်နေတာတွေတော့ရှိသေးသည်။

သူအခန်းရှင်းပြီးတော့ တစ်ကိုယ်လုံးလည်းချွေးတွေနဲ့ရွှဲနစ်နေသည်။ချွေးနဲ့အအေးပတ်မှာစိုးလို့ သူဖွင့်ထားသောairconကိုခဏပိတ်လိုက်ပြီးတော့ခုံမှာထိုင်ကာ မိနစ်အနည်းငယ်မျှအနားယူလိုက်သည်။

ချွေးနည်းနည်းတိတ်သလိုရှိတော့မှ အမောပြေရေတစ်ခွက်လောက်သောက်လိုက်ပြီး ရေသွားချိုးတော့သည်။ဆယ်မိနစ်လောက်ရေချိုးပြီးတော့ ရေချိုးခန်းထဲမှပြန်ထွက်လာကာ သူ့ရဲ့အိမ်နေရင်းအဝတ်အစားကိုလဲလိုက်သည်။

Puppy LoveWhere stories live. Discover now