Chapter-7

2.2K 239 0
                                    

Zawgyi

ဒီနေ့နှိုင်းတစ်ယောက်ယခင်နေ့ကနှင့်မတူဘဲ သွက်လက်တက်ကြွနေသည်။အကြောင်းအရင်းကတော့ညက အလင်္ကာပြောတဲ့သူက ကိုကို့ရဲ့first kissဆိုတာကိုပေါ့။သူကိုကို့ကိုအမြန်ဆုံးတွေ့ချင်နေပြီ။မနေ့ကအစောကြီးပြန်သွားရတော့ ကိုကို့မျက်နှာကိုခဏလေးပဲတွေ့လိုက်ရတယ်လေ။ညကအသံလေးကြားလိုက်ရလို့သာ နည်းနည်းဖြေသာသေးတာပေါ့။

သူ့လွယ်အိတ်ကိုတစောင်းလွယ်လိုက်ကာ လှေကားထစ်ကနေခုန်ဆွခုန်ဆွနှင့်အောက်ကိုဆင်းလာသည်။ထမင်းစားခန်းထဲမှာ မုန့်ပြင်နေသောဒေါ်ကြာနွယ်ကိုတွေ့တော့သူနှုတ်ဆက်လိုက်သည်။

"ကြီးကြီး မောနင်း"

"မောနင်း သားလေး.....ဟယ် သားမျက်နှာကရောင်နေတယ်။ဘာဖြစ်တာလဲ"

"အဲ......."

Shitသူ့မျက်နှာမနေ့ကအထိုးခံရတယ်ဆိုတာမေ့သွားတာပဲ။ကြီးကြီးနဲ့မှတည့်တည့်တိုးရတယ်လို့။မနေ့ကထက်တော့ အရောင်ကျသွားပေမယ့် ရောင်တာကတော့ရောင်နေတုန်းပဲကို သူသတိမထားမိဘဲအောက်ဆင်းလာခဲ့တာပဲ။အား ရူးနှမ်းလိုက်တာနှိုင်းစေရာရယ်။

နှိုင်းဘာဖြေရမှန်းမသိဖြစ်နေတုန်း ဟန်ကထမင်းစားခန်းထဲကိုပြေးလာပြီးနှိုင်းပခုံးကိုဖက်ကာ သူ့မေမေကိုစကားဆိုလာသည်။

"အာ မေမေ.....အဲ့ဒါမနေ့ကရာရာရေချိုးခန်းထဲကဆပ်ပြာတွေကချောနေလို့ဘေဇင်နဲ့မျက်နှာဆောင့်မိသွားတာ"

*အမလေး တော်ပါသေးရဲ့။ကိုကြီးကယ်ပေလို့ပေါ့။*

"ဟယ် သားရယ်.....အဲ့ဒါများကြီးကြီးကိုလာမပြောဘူး။အခုတောင်နည်းနည်းရောင်နေသေးတယ်။ကျောင်းသွားလို့အဆင်ပြေရဲ့လား သား"

"အာ ရတယ် ရတယ် သားသွားလို့ရတယ် ကြီးကြီး။ကျောင်းကိုလည်းလာမယ်လို့သူငယ်ချင်းတွေကိုပြောထားလို့။မနေ့ကကိုကြီးကရေခဲကပ်ပေးထားလို့သက်လည်းသက်သာသွားပြီ။မနာတော့ဘူးဟီးဟီး"

"ဟုတ်ပါပြီကွယ်။ကဲ မနက်စာစား......ကျောင်းနောက်ကျနေဦးမယ်"

"ဟုတ် ကြီးကြီး"

ဒီလိုနဲ့သူတို့မိသားစုငါးယောက်မနက်စာစားကြသည်။မနက်စာစားပြီးတော့ ဟန်ကနှိုင်းလေးကိုကျောင်းလိုက်ပို့ပေးဖို့ပြင်သည်။ဆက်ကလည်းဟန့်ကိုစိတ်မချသောကြောင့် အကူလိုက်ပေးသည်။အတန်ကြာအောင်ကားမောင်းပြီးနောက် နှိုင်း၏ကျောင်းသို့ရောက်လာသည်။ကျောင်းရှေ့မှာကားကိုရပ်ပေးလိုက်တော့ နှိုင်းကနောက်ခန်းကနေတံခါးဖွင့်ကာဆင်းသွားသည်။

Puppy LoveWhere stories live. Discover now