Chapter-13

1.9K 193 4
                                    

Zawgyi

အိပ်နေရင်းကနေနှိုင်းလေးကနိုးလာသည်။ဟင်.....hotelကိုတောင်ရောက်နေပြီလား။သူ့ကိုအခန်းထဲဘယ်သူများပို့ပေးပါလိမ့်။သူနာရီကိုကြည့်လိုက်တော့နေ့လည်တစ်နာရီခွဲလောက်တောင်ရှိနေပြီပဲ။သူအဲ့လောက်တောင်အိပ်လိုက်တာလား။ဘေးကိုကြည့်လိုက်တော့ ဘယ်သူမှလည်းမရှိ။သို့ပေမယ့်ရေချိုးခန်းထဲကရေသံကြားနေရသောကြောင့် တစ်စုံတစ်ယောက်ရေချိုးနေတယ်ဆိုတာကို သူသိလိုက်ရသည်။

ခဏလောက်နေတော့ ရေချိုးခန်းထဲကရေသံမကြားရတော့ပေ။ရေချိးခန်းတံခါးကိုဖွင့်ကာထွက်လာသောလူကိုကြည့်လိုက်တော့ အလင်္ကာဖြစ်နေသည်။နှိုင်း၏မှေးစင်းနေသောမျက်လုံးတို့သည် ချက်ချင်းပင်ပြူးကျယ်လာတော့သည်။

သဘက်အဖြူတစ်ထည်ကိုခါးမှာပတ်ထား၍ခေါင်းကို နောက်သဘက်တစ်ထည်နှင့်သုတ်နေသော ကိုကိုသည်နှိုင်း၏မျက်လုံးထဲတွင်တော့ စကားလုံးတွေနဲ့ဖော်ပြလို့မရအောင်အထိပင်ကြည့်ကောင်းလွန်းလှသည်။

အသားဖြူသောကြောင့်လက်ရှိသွေးကြောစိမ်းများမှာလည်း ပေါက်ထွက်သွားတော့မည့်အလားရှင်းလင်းစွာမြင်နေရသည်။သူ့လိုဗိုက်ခေါက်နှင့်မဟုတ်ဘဲချပ်ချပ်ရပ်ရပ်နှင့်အမျိုးသားတိုင်းလိုချင်သောsix packပါအပိုဆောင်းပါရှိသည့် ကိုကို့ခန္ဓာကိုယ်သည်လူတိုင်းအားကျစရာ ဖြစ်နေမှာသေချာသည်။ဒီကြားထဲယောက်ျားဆန်ဆန်ချောမောလှသောမျက်နှာကြောင့်မိန်းကလေးတိုင်း၏ideal typeနှင့်ကိုက်ညီလွန်းသည်။နှိုင်း ကိုကို့ဆီမှမျက်စိတစ်ချက်မလွှဲမိ။ဒီအချိန်တွင်သူ့ကိုအဆွဲဆောင်နိုင်ဆုံးအရာကိုပြပါဆိုလျှင် ကိုကို့ကိုပင်လက်ညိုးထိုးပြရလိမ့်မည်။

အလင်္ကာရေချိုးခန်းကထွက်လာတုန်း ဆံပင်စုတ်ဖွားနှင့်အိပ်ရာပေါ်မှာငုတ်တုတ်ထိုင်နေသောနှိုင်းလေးကိုကြည့်ကာပြုံးလိုက်သည်။နှိုင်းအဲ့လိုအိပ်ရာကထလာတဲ့ပုံစံကိုပထမဆုံးမြင်ဖူးတာပဲ။အရမ်းကိုချစ်ဖို့ကောင်းလွန်းသည်။ဖြစ်နိုင်ရင်နှိုင်းရဲ့အခုလိုပုံစံလေးကိုသူတစ်ယောက်ထဲပဲအမြဲတမ်းမြင်ချင်မိသည်။

သူနှိုင်းနားကိုသွားလိုက်တော့ နှိုင်းကအသက်မဲ့နေသောလူတစ်ယောက်လိုပဲ ခုနကသူမတ်တပ်ရပ်ခဲ့သောနေရာကိုသာ စိုက်ကြည့်နေသည်။သူ့မျက်လုံးရှေ့မှာလက်နှစ်ဖက်ဝေ့ရမ်းပြနေတာတောင်ထိုတစ်နေရာတည်းကိုပဲကြည့်နေဆဲ။အလင်္ကာသူ့ပခုံးနှစ်ဖက်ကိုကိုင်ကာသူ့နာမည်ကိုခေါ်လိုက်သည်။

Puppy LoveWhere stories live. Discover now