Chapter-19

2K 177 2
                                    

Zawgyi

ဒီနေ့ကတော့တနင်္လာနေ့မို့လို့ နှိုင်းခါတိုင်းအတိုင်းပဲကျောင်းသွားရမည်ဖြစ်သည်။အလင်္ကာကတော့ သူ့ရဲ့ဝတ္တရားအတိုင်းပဲ ကျောင်းသို့သွားရန်နှိုင်းအိမ်သို့လာကြိုပေးရသည်။သူ့ကားကိုနှိုင်းတို့ အိမ်ရှေ့မှာရပ်ထားတုန်း နှိုင်းကကားတံခါးကိုဖွင့်ကာ ကားပေါ်တက်လိုက်သည်။

ထို့နောက်ခါးပတ်ပတ်လိုက်ပြီးအလင်္ကာ့ဘက်သို့လှည့်ကာ ပြုံး၍နှုတ်ဆက်လိုက်သည်။

"Morning ကိုကို"

"အင်း morning"

"ကိုကိုမနက်စာစားပြီးသွားပြီလား"

"အင်း အိမ်မှာစားခဲ့တယ်။မင်းရော"

"ကျွန်တော်လည်းစားခဲ့တယ် ဟီးဟီး"

သူ့ကိုပေါ့ပေါ့ပါးပါးနှင့်စကားပြောနေသောကောင်လေးကို အလင်္ကာအကြည့်လွှဲလိုက်သည်။နှိုင်းစေရာကမနေ့က ကိစ္စကိုဘယ်လိုမှမနေတာလား။သူ့ကို'ချစ်တယ်'ပြောပြီး နမ်းသွားတာတောင်လေ။သူ့မှာတော့တစ်ညလုံး နှိုင်းအကြောင်းခေါင်းထဲကနေကိုမထွက်တာ နှိုင်းကျတော့မနေ့ကကိစ္စကိုဘာမှမဟုတ်သလိုနေနိုင်တယ်။

တစ်ခါတလေတွေးမိတယ် ဒီကောင်လေးကသူ့ကိုတစ်ကယ်ချစ်တာရောဟုတ်ရဲ့လားလို့။နှိုင်းတို့အရွယ်ကစိတ်ကစားတဲ့အရွယ်မို့လို့ သူ့ကိုကောအဲ့လိုမျိုးခဏစိတ်ယိုင်သွားတာလား။ဒါပေမယ့်နှိုင်းစိတ်ယိုင်မယ့်အပြုအမူမျိုးမှ သူမလုပ်ခဲ့တာ။အား.....ခေါင်းအရမ်းရှုပ်တာပဲ။ဒီကောင်လေးကတော်တော်ဆိုးတာပဲ။သူ့အကြောင်းကိုမတွေးတွေးအောင်လုပ်နိုင်တယ်။

"ကိုကို....ကိုကို"

".........."

ကားကြီးကိုခြံရှေ့မှာသာရပ်ထားဆဲဖြစ်ပြီး အခုထိမောင်းမထွက်သေးသော အလင်္ကာကိုနှိုင်းကြည့်ကာ အော်ခေါ်လိုက်သည်။သို့သော်လည်းအခုထိအသိစိတ်လွတ်နေသေးသည်ထင်သည်။သူဒီလောက်အသံပြဲကြီးနှင့်အော်နေတာကိုမကြားသေး။

ဘာတွေများဒီလောက်စဉ်းစားနေလို့ သူခေါ်နေတာတောင်မကြားရတာလဲ။အာတွေလည်းညောင်းလှပြီ။သူစိတ်မရှည်စွာနှင့်အလင်္ကာ၏လက်မောင်းကို အားပြင်းပြင်းနှင့်ရိုက်လိုက်ကာ နဂိုထက်လေးဆလောက်ကျယ်သည့်အသံလုံးကြီးနှင့် ထပ်မံအော်ခေါ်လိုက်သည်။

Puppy LoveWhere stories live. Discover now