Ep-3

3.7K 298 7
                                    

Unicode Version

"ဒီလိုနေရာမျိုးကိုခေါ်ကတည်းကဒါမျိုးတွေပဲလာမယ်ဆိုတာမစဥ်းစားတတ်ဘူးလား"

ဘုန်းသျှန်ထက်၏ဒေါသတကြီးအော်ဟစ်သံကြောင့်အခန်းထဲရှိလူအားလုံးကြောက်စိတ်ကြောင့် စကားတစ်ခွန်းပြန်မပြောနိုင်ဘဲငြိမ်ကုပ်နေမိကြသည်။သို့သော်ထိုလုပ်ရပ်ကဘုန်းသျှန်ထက်၏ဒေါသကိုပို၍ဆွပေးသလိုဖြစ်သွားရသည်။

"ဒီprojectကိုတာဝန်ယူတာဘယ်သူလဲ"

ဘုန်းသျှန်ထက်၏အေးစက်စက်စကားသံကိုကြားသည်နှင့်projectတာဝန်ခံမှာရင်တထိတ်ထိတ်ဖြင့်ဖြေလိုက်ရသည်။

"ကျွန်မပါ"

"ဒီprojectကိစ္စအကုန်လုံးကိုငါ့အတွင်းရေးမှူးကမင်းကိုလွှဲပေးထားတာမဟုတ်လား စာချုပ်ချုပ်ဖို့အားလုံးသဘောတူထားပြီးသားကိစ္စကိုတရားဝင်စာချုပ်ချုပ်တဲ့နေ့ကျမှဒီလိုအဖြစ်တွေဖြစ်လာရတာဘယ်လိုရှင်းမလဲပြီးတော့တစ်ဖက်ကဝန်ထမ်းမိန်းကလေးရဲ့အရှက်အတွက်
ဘယ်လိုတာဝန်ယူမလဲ"

ဘုန်းသျှန်ထက်၏Heaven Crystal Fashionကုမ္ပဏီသည်တစ်ဖက်ကကုမ္ပဏီငယ်တစ်ခုနှင့်အကျိုးတူ ပူးပေါင်းရေးစာချုပ်အတွက်တွေ့ဆုံဆွေးနွေးပြီးနောက်တွင်အတော်အတန်အဆင်ပြေချောမွေ့သွားပြီမို့အတွင်းရေးမှူးမှတစ်ဆင့်တာဝန်ခံကိုဆက်လက်လုပ်ကိုင်ရန်လွှဲပေးလိုက်ခြင်းဖြစ်သော်လည်း တရားဝင်စာချုပ်ချုပ်ဆိုခါနီးတွင်တစ်ဖက်ကုမ္ပဏီမှစာချုပ်ပါအချက်အလက်အချို့အားကျေနပ်မှုမရှိသေး၍ဆွေးနွေးလိုကြောင်းပြောလာပြီးတာဝန်ခံနှင့်တွေ့ဆုံရန်လွှဲထားလိုက်သော်လည်းတာဝန်ခံက
ဝန်ထမ်းမိန်းကလေးတစ်ဦးအားလက်လွှဲပေးလိုက်သည့်နောက်တွင်ဤကဲ့သို့ပြဿနာများကြုံတွေ့လာရခြင်းဖြစ်သည်။

တစ်ဖက်ကတာဝန်ရှိသူမှာဝန်ထမ်းမိန်းကလေးအားဟိုတယ်ခန်းတစ်ခုတွင်တွေ့ဆုံရန်ချိန်းဆိုခဲ့ပြီး ဖိအားအပေးခံရသောမိန်းကလေးမှာလည်းငြင်းဆိုရန်အခွင့်မရှိခဲ့ရှာပေ။ထို့နောက်တွင်တော့ တစ်ဖက်ကတာဝန်ရှိသူကမိမိကုမ္ပဏီမှဝန်ထမ်းအားလိင်အကြမ်းဖက်ရန်ကြိုးစားမှုဖြစ်ပွါးခဲ့တော့သည်။

ALL I EVER NEED (Completed)Where stories live. Discover now