Ep-22

1.7K 128 13
                                    

Unicode Version

ယနေ့ဟာနေရောင်လွှမ်း၏ကျောင်းဖွင့်ရက်ကိုပြန်ရောက်လာခဲ့ပြီဖြစ်ရာ ပိတ်ရက်များကလိုဇိမ်ဆွဲ၍မရတော့သဖြင့် နေရောင်လွှမ်းလည်းမနက်စောစောထကာကျောင်းသွားရန် ပြင်ရတော့သည်။ အမှန်ကျောင်းဖွင့်သည်မှာလေးရက်ပင်ကျော်နေခဲ့ပြီဖြစ်သော်လည်းတက္ကသိုလ်များ၏ထုံးစံအတိုင်း ကျောင်းစဖွင့်သည့်ရက်များတွင်ကျောင်းသားများက အတန်းထဲတွင်လုံးဝမရှိတတ်ကြပေ။

ကျောင်းသားမရှိသည့်အတန်းတွင်စာသင်၍မရနိုင်သည်ဖြစ်ရာ ဆရာများကလည်းတော်ရုံနှင့်မလာကြပေ။ နေရောင်လွှမ်းတို့ သုံးယောက်ကတော့ရှေ့လေးရက်လုံးလုံးမသွားကြဘဲ ယနေ့မှကျောင်းသွားတက်ဖြစ်ကြမည်ဖြစ်သည်။

မျက်နှာသစ်သွားတိုက်ပြီးသည်နှင့်သင့်တော်ရာအဝတ်အစားကို ရွေးချယ်ရန်အဝတ်ဗီရိုကိုဖွင့်လိုက်သည်။ သတိမထားဘဲ ဆွဲဖွင့်လိုက်မိခြင်းကြောင့်အပေါ်တွင်တင်ထားသောစားပွဲတင်ဓာတ်ပုံမှန်ဘောင်တစ်ခုကပြုတ်ကျလာသဖြင့်အထိတ်တလန့်နှင့် အမြန်ဖမ်းလိုက်ရသေးသည်။

လက်ထဲတွင်မြဲမြဲကိုင်ထားမိသောဓာတ်ပုံကိုကြည့်မိလေတော့ ဘုန်းသျှန်ထက်နှင့်နေရောင်လွှမ်းအတူရိုက်ထားသည့် ဆွစ်ဇာလန်ခရီးသွားစဥ်ကပုံဖြစ်နေသည်။

"သြော် ဒါကဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ"

နေရောင်လွှမ်းလည်းဓာတ်ပုံတွင်ကပ်ငြိနေသောဖုန်မှုန့်များကိုသုတ်ခါလိုက်ပြီးနောက် သူ၏စာကြည့်စားပွဲပေါ်တွင် အသေအချာနေရာချကာတင်ထားလိုက်သည်။ စားပွဲပေါ်တွင် အခန့်သားနေရာယူထားသည့်ဓာတ်ပုံကိုအကဲခတ်သလို ကြည့်လိုက်ပြီး သူ၏မေ့စေ့ကိုတပွတ်ပွတ်လုပ်နေလေသည်။

"ဘယ်သူတွေမို့လို့ ဒီလောက်တောင်ချောနေရတာလဲ လိုက်ဖက်နေရောပဲ ဟဲဟဲ"

မိမိကိုယ်ကိုချီးမွမ်းခန်းဖွင့်ပြီးသည့်နောက်တွင်တော့ အဝတ်အစားလဲရန်ဗီရိုနားသို့ပြန်သွားကာအဝတ်အစားရှာရပြန်သည်။ အစိမ်းရောင်ရှပ်လက်တိုနှင့်Jean Pantကို ရွေးချယ်လိုက်ပြီးနောက်တွင်တော့အဝတ်အစားလဲရန် ဝတ်ထားသည့်အင်္ကျီကိုချွတ်ပြီးခါစအချိန်မှာပင်အခန်းတံခါးက ရုတ်တရက်ပွင့်လာသဖြင့် လှည့်ကြည့်မိသောအခါ ဘုန်းသျှန်ထက်ဖြစ်နေသည်။

ALL I EVER NEED (Completed)Where stories live. Discover now