Unicode Version
“ငယ်လေး ထတော့လေ အတန်းနောက်ကျလိမ့်မယ်”
ဘုန်းသျှန်ထက်မှာခုနစ်နာရီခွဲသည်အထိအိပ်ရာကမထသေးသောနေရောင်လွှမ်းကိုစိတ်ရှည်လက်ရှည် နှိုးနေရသည်။နေရောင်လွှမ်းမှာအိပ်နေရာမှအနည်းငယ်လူးလွန့်လာပြီးသူ့အားနှိုးနေသော ဘုန်းသျှန်ထက်၏လက်ကိုဆုပ်ကိုင်ကာပြန်အိပ်နေလေသည်။ဘုန်းသျှန်ထက်မှာသဘောကျစွာ ပြုံးလိုက်မိပြီးမှမျက်နှာပိုးသတ်ကာထပ်နှိုးရပြန်သည်။
“ငယ်လေးရေ ထတော့ကွာ မဆိုးစမ်းနဲ့”
“ဟင်း…စောသေးတာကိုဦးသျှန်ကလည်း…စောသေးတယ် ဦးသျှန်လည်းပြန်အိပ်ချင်အိပ်ဦး”
နေရောင်လွှမ်းကသူ၏ဘေးကနေရာလွတ်ကိုပုတ်ပြကာဘုန်းသျှန်ထက်ကိုပါဝင်အိပ်ခိုင်းနေသဖြင့် ဘုန်းသျှန်ထက်မှာနေရောင်လွှမ်း၏ခေါင်းကိုအသာပုတ်လိုက်ပြီးပြောသည်။
“ငဆိုးလေး မထတဲ့အပြင်ဦးသျှန်ကိုပါအဖော်လာညှိနေတယ်”
ထိုသို့ပြောသောအခါနေရောင်လွှမ်းကမျက်လုံးမှိတ်ထားလျက်ဖြင့်နှစ်နှစ်ခြိုက်ခြိုက်ပြုံးလေသည်။ ဘုန်းသျှန်ထက်ကနေရောင်လွှမ်း၏ပါးနှစ်ဖက်ကိုမနာအောင်အသာအယာဖျစ်ညှစ်လိုက်ပြီးသူ၏ ခေါင်းကိုခါရမ်းလိုက်သည်။
“အိပ်ချင်ယောင်ဆောင်နေတယ်ပေါ့လေ ဒီနေ့မနက်မှအထူးတလည်ကိုဆိုးနေတော့တာပဲနော်”
“ဟားဟား”
နောက်ဆုံးတော့နေရောင်လွှမ်း၏မျက်လုံးများလုံးဝပွင့်လာပြီးသူ့အပေါ်တွင်အုပ်မိုးထားသော ဘုန်းသျှန်ထက်၏မျက်နှာကိုတည့်တည့်ကြည့်၍ရယ်နေလေသည်။ဘုန်းသျှန်ထက်ကလည်းထိုပုံစံလေးကို မလွတ်တမ်းငေးမောနေမိသည်။
“ကဲ နိုးပြီဆိုလည်းမျက်နှာသစ်တော့ အဝတ်အစားလဲ ပြင်ဆင်ပြီးရင်အောက်ကိုဆင်းခဲ့ ဒေါ်ကြီးကဒီနေ့ မုန့်ဟင်းခါးလုပ်ထားပေးတယ်”
“ဟင် ဒေါ်ကြီးတောင်ရောက်ပြီလား”
မီးဖိုချောင်အကူအဖြစ်ခန့်ထားသောဒေါ်ကြီးမှာမနက်အစောဆိုလျှင်ဘုန်းသျှန်ထက်၏အိမ်ကိုရောက်လာပြီး ညနေစောင်းဆိုလျှင်တော့ညစာပြင်ဆင်ချက်ပြုတ်ပေးပြီးသည်နှင့်သူမ၏အိမ်ကို ပြန်သွားတတ်သည်။
STAI LEGGENDO
ALL I EVER NEED (Completed)
Storie d'amoreကိုယ်ဟာကိုယ့်ရဲ့နေ့ရက်တွေမှာသူ့ကိုချည်နှောင်ထားချင်နေဆဲ ဒီလိုနဲ့ပဲ နာကျင်လိုက်ရ၊လဲကျလိုက်ရ......။ ဒီလိုပဲ သူ့ဘက်ကကိုယ့်ကိုချည်နှောင်လာခဲ့ရင်လည်း စိတ်လိုလက်ရငြိတွယ်လိုက်ချင်သေးတာ...။ နေရော...