Ep-30

2.4K 145 14
                                    

တစ်နှစ်ခွဲခန့်ကြာသော်.......

"ရှိန်းလေး မင်းဒီလိုလုပ်နေရင်မနက်ဖြန်အစီအစဥ်ဖျက်လိုက်မှာနော်"

နေရောင်လွှမ်းမှာထမင်းမစားဘဲပတ်ပြေးနေသည့် ရှိန်းထက်၏ အနောက်မှတကောက်ကောက်ပြေးလိုက်ကာ အတင်းအကြပ်ထမင်းစားရန်ဆူပူနေရသည်။ ချော့ရုံနှင့်လည်း မရသည့်ထိုကလေးဟာနေရောင်လွှမ်းက အကြပ်ကိုင်လိုက်ခါမှ တွေဝေသွားပုံရသည်။

"အဲ့လိုလုပ်လို့မရဘူးလေ သားကသူငယ်ချင်းတွေကိုပါ ဖိတ်ထားပြီးပြီကို"

မျက်နှာငယ်လေးဖြင့်သနားစဖွယ်ပြောလာသည့်အခါတွင်လည်း နေရောင်လွှမ်းမှာဆက်၍စိတ်ဆိုးရအခက်ပင်။ သူ၏ အင်္ကျီစကိုဆုပ်ကိုင်ထားရင်းနှုတ်ခမ်းလေးခပ်စူစူလုပ်ကာ မကျေမနပ်တီးတိုးရေရွတ်နေသည့်ထိုကလေးကိုကြည့်၍ နေရောင်လွှမ်းလည်းခိုး၍ရယ်လိုက်မိသည်။

"စကားနားထောင်ရင်ခုနကပြောတာကိုဖျက်သိမ်းပေးမယ် ဘယ်လိုလဲ"

အပေးအယူသဘောဖြင့်ကမ်းလှမ်းလိုက်သည့်အခါတွင် ရှိန်းထက်လေးကလည်းတွေးဆဆဖြင့်ပြန်ပြောလာသည်။

"တကယ်ပြောတာနော်"

"တကယ်"

"ဒါဆိုနားထောင်မယ် ဘာလုပ်ရမှာလဲ"

"ဒီထမင်းကိုကုန်အောင်စား သွန်မပစ်ရဘူးနော်"

ပါးလေးကိုဖောင်းချည်ပိန်ချည်လုပ်နေရင်းနေရောင်လွှမ်း၏ စကားကိုနားထောင်ကာထမင်းစားပွဲဆီသို့ လျှောက်လာသောရှိန်းထက်လေးကိုနေရောင်လွှမ်းလည်း သဘောတကျ ​ငေးကြည့်နေမိ၏။

ဤကလေးကိုစတွေ့စဥ်ကသူ၏ ဖြစ်တည်မှုမှာ နေရောင်လွှမ်းအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်ချင်စရာဟု ထင်မှတ်ဖူးသည်။ သို့သော်ငြားအမှန်တရားများကို သိလိုက်ရပြီးသည့်နောက်တွင်တော့ တဇွတ်ထိုးလုပ်ခဲ့မိသည့်မိမိ၏ အမှားကိုဆင်ခြင်နိုင်ခဲ့သည်။

ထို့နေ့ကဤကလေးကဘုန်းသျှန်ထက်အား ဖေဖေဟု ခေါ်ခဲ့ခြင်းမှအစပြု၍ ဆိုးဝါးသည့်ကိစ္စများပေါ်ပေါက်လာခဲ့ရသည်။ နောက်မှသိရသည်ကတော့ဤကလေးဟာ ဘုန်းသျှန်ထက်အား အဖေဟုထင်မှတ်မှား၍ထိုသို့ခေါ်ခဲ့ခြင်းဖြစ်ကြောင်းပင်။ ထို့အပြင်အထင်လွဲခဲ့သမျှထဲမှအကြီးဆုံး ဖြစ်ခဲ့သည့်အရာကတော့ ဘုန်းသျှန်းထက်ကအင်ကြင်းမွှေးအား ပွေ့ဖက်ထားခဲ့သည့်ပုံရိပ်ပင်။ ဤသည်မှာလည်း နောက်ကွယ်ကအကြောင်းတရားတချို့ရှိနေခဲ့၏။

ALL I EVER NEED (Completed)Where stories live. Discover now