Unicode Version
ဘုန်းသျှန်ထက်မှာခြံထဲကမြက်ခင်းပြင်တွင်ထိုင်ကာဖုန်းပြောနေပါသောနေရောင်လွှမ်း၏ အနောက်နားတွင်ရပ်ကာနေရောက်လွှမ်း၏နောက်ကျောပြင်ကိုအကြောင်းအရင်းမရှိ ငေးကြည့်နေမိသည်။ နေရောင်လွှမ်းကနေရှိုင်းသွင်နှင့်ဖုန်းပြောနေခြင်းဖြစ်ပြီးဘုန်းသျှန်ထက် ရောက်နေသည်ကိုပင်မသိပေ။“တော်တော်ပျော်နေတာလား မင်း”
“...”
“အေးပါ ရောက်အောင်သာပြန်လာဦး အပျော်လွန်နေတော့အဲ့မှာပဲအခြေချသွားမှာတောင်စိုးရတယ်”
နေရောင်လွှမ်းကနေရှိုင်းသွင်ကိုစနောက်နေသည်ကိုဘုန်းသျှန်ထက်ကနားထောင်ရင်းဖြင့်နေရောင်လွှမ်း၏ဘေးတွင်အသာဝင်ထိုင်လိုက်သည်။ထိုအခါနေရောင်လွှမ်းကဖုန်းပြောနေရင်းမှ ဘုန်းသျှန်ထက်ကိုလှည့်ကြည့်သည်။မျက်နှာထားခပ်တည်တည်နှင့်ကြည့်ကာအရှေ့တည့်တည့်ကို ပြန်လှည့်သွားပြီးဖုန်းဆက်ပြောနေလေသည်။တစ်ချိန်တည်းမှာပဲထိုင်နေရာက ထသွားဖို့ပြင်နေသောကြောင့်ဘုန်းသျှန်ထက်ကသူ၏လက်ကောက်ဝတ်ကိုအလျင်အမြန် ဖမ်းဆုပ်ထားလိုက်သည်။
ထိုအခါတွင်တော့နေရောင်လွှမ်းကမရုန်းဘဲအသာငြိမ်နေသည်။ချက်ချင်းဆိုသလိုနေရှိုင်းသွင်ကိုနှုတ်ဆက်လိုက်ပြီးဖုန်းချလိုက်သည်။ထို့နောက်ဘုန်းသျှန်ထက်ကိုစောင်းငဲ့ကြည့်လာသည်။ ဘုန်းသျှန်ထက်ကတော့နေရောင်လွှမ်း၏လက်ကောက်ဝတ်ကိုတင်းကြပ်စွာကိုင်ထားဆဲပင်။
“လက်ကိုလွှတ်တော့လေဗျာ”
နေရောင်လွှမ်းကအလိုမကျဟန်ဖြင့်ပြောလာသောအခါဘုန်းသျှန်ထက်ကလည်းအလျှော့မပေးဘဲပြန်ပြောသည်။
“ငယ်လေး ရုန်းလိုက်ရင်အသာလေးလွတ်သွားမှာပဲလေ ငယ်လေးမကြိုက်ရင်ဦးသျှန်က မလုပ်တာသိတယ်မလား”
ဘုန်းသျှန်ထက်မှာထိုစကားကိုပြောလိုက်ရင်းကရှေ့ရေးကိုကြိုတွေးမိသောအခါ နေရောင်လွှမ်းမကြိုက်သည့်ကိစ္စတစ်ခုကိုတော့သေချာပေါက်လုပ်မှဖြစ်မည်ဟုတွေးမိချိန်မှာ ဘုန်းသျှန်ထက်၏မျက်ဝန်းများကညှို့မှိုင်းသွားရတော့သည်။ဤသည်ကိုသတိမမူမိလိုက်သော နေရောင်လွှမ်းကတော့ဘုန်းသျှန်ထက်ကိုမျက်နှာလွှဲကာအရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေသည်။
YOU ARE READING
ALL I EVER NEED (Completed)
Romanceကိုယ်ဟာကိုယ့်ရဲ့နေ့ရက်တွေမှာသူ့ကိုချည်နှောင်ထားချင်နေဆဲ ဒီလိုနဲ့ပဲ နာကျင်လိုက်ရ၊လဲကျလိုက်ရ......။ ဒီလိုပဲ သူ့ဘက်ကကိုယ့်ကိုချည်နှောင်လာခဲ့ရင်လည်း စိတ်လိုလက်ရငြိတွယ်လိုက်ချင်သေးတာ...။ နေရော...