Ep-10

2.2K 172 9
                                    

Unicode Version

Self Studyချိန်ဖြစ်သည်နှင့်အညီကျောင်းကိုသွားသည့်ကျောင်းသားအရေအတွက်ကလည်းအတော် ထိုးကျသွားသည်ဖြစ်ရာနေရောင်လွှမ်းတို့အဖွဲ့ကလည်းမသွားကြတော့ပေ။ထိုအစား နေရောင်လွှမ်း၏အိမ်တွင်သာသုံးယောက်သားစာအတူလုပ်ကြသည်။ဘုန်းသျှန်ထက်ကလည်းသူ၏ အလုပ်ကိစ္စဖြင့်ခရီးသွားပြီမို့အိမ်တွင်အိမ်အကူဒေါ်ကြီးကလွဲလျှင်သူတို့သုံးယောက်သာရှိသည်။

ဘုန်းသျှန်ထက်၏ပြောပြချက်အရပထမခရီးမှာရှန်ဟိုင်းသို့သွားရမည်ဖြစ်ပြီးဒုတိယအလုပ်ကိစ္စကတော့ ပဲရစ်ကိုသွားရန်ဟုသိရသည်။ယနေ့အဖို့တော့ညဘက်မှသာဆက်သွယ်မည်ဟုပြောထားသဖြင့်နေရောင်လွှမ်းမှာနေ့ဘက်တွင်စာလုပ်ရသည်။ပျင်းလာလျှင်နေဘုန်းခန့်နှင့်နေရှိုင်းသွင်ကိုခေါ်၍အပြင်သွားကြသည်။ သို့သော်နေရောင်လွှမ်းမသိသည်ကဘုန်းသျှန်ထက်မသွားခင်ကကြိုတင် ပြင်ဆင်ထားသည့်အစီအစဥ်ပင်။ နေရောင်လွှမ်းအားစောင့်ကြည့်ရန်ငှါးထားသည့်လူနှစ်ယောက်မှာသူတို့၏ဘေးအိမ်တွင်ရှိနေပြီးတစ်ချိန်လုံးတစ်ဖက်ကအိမ်ထဲတွင်ရှိနေသောနေရောင်လွှမ်းတို့ကိုလတောက်လျှောက်စောင့်ကြည့်နေပြီးထူးခြားသည်နှင့်ဘုန်းသျှန်ထက်ဆီသို့messageပို့၍လည်းကောင်း၊ ဖုန်းခေါ်၍လည်းကောင်း အသိပေးကြသည်။

နေရောင်လွှမ်းမှာစာလုပ်ရသည်ကိုပင်ပန်းလာသဖြင့်စာအုပ်ကိုဘေးချကာဘေးကနှစ်ယောက်ကိုကြည့်လိုက်သည်။ နေဘုန်းခန့်နှင့်နေရှိုင်းသွင်မှာတော့ဘောပင်ကိုကိုင်ထားရင်းဟိုငေးသည်ငေးလုပ်နေကြသည်။နေရောင်လွှမ်းလည်းမိမိထက်အဖြစ်ဆိုးနေသောနှစ်ယောက်ကိုကြည့်ရင်းစိတ်ကုန်စွာ ခေါင်းကိုခါရမ်းမိသည်။

“ဟေ့ကောင်တွေ ငုတ်တုတ်အသက်ပျောက်နေသလိုပဲ ဘာဖြစ်နေကြတာလဲ”

နေရောင်လွှမ်း၏အသံကိုကြားမှနေဘုန်းခန့်နှင့်နေရှိုင်းသွင်မှာငေးနေရာမှအသိပြန်ဝင်လာပြီးနေရောင်လွှမ်းကို လှည့်ကြည့်လာသည်။ထို့နောက်နေဘုန်းခန့်ကလက်ထဲကဘောပင်ကိုပစ်ချပြီးညည်းညူသလိုပြောလာလေသည်။

ALL I EVER NEED (Completed)Where stories live. Discover now