Ep-26

1.8K 116 3
                                    

Unicode Version

ဘုန်းသျှန်ထက်အပါအဝင်လူလေးယောက်ဟာဘုန်းသျှန်ထက်၏ အိမ်တွင်ခေါင်းချင်းဆိုင်ကာအရေးတကြီးဆွေးနွေးနေကြသည်။

"ငါ့လူတွေဆီကလည်းဘယ်လိုသတင်းမျိုးမှမကျန်ခဲ့ဘူး  ရုတ်တရက်ကြီးသူတို့ပါပျောက်သွားတာလည်းအဲဒီလူလက်ချက်ပဲဖြစ်လိမ့်မယ်"

ကျော်သူရ၏စကားများဟာတစ်ချိန်လုံးသောကဖိစီးနေရသော ဘုန်းသျှန်ထက်အဖို့မျှော်လင့်ချက်မဲ့စေပါသည်။ ခြေဗလာနှင့်လျှောက်လာသူကိုမှပူပြင်းသောသဲမြေအပေါ်  ပြေးခိုင်းနေသကဲ့သို့၊ ဒဏ်ရာဗရပွနှင့်လူကိုမှဆားသိပ်နေသည့်အလား။

နေရှိုင်းသွင်နှင့်နေဘုန်းခန့်ကလည်းဘုန်းသျှန်ထက်၏ ခံစားချက်ထက်မပိုလျှင်တောင်ဘုန်းသျှန်ထက်နီးနီး စိတ်ပူနေရသည်။ ထို့ကြောင့်ညနေမှောင်ရီပျိုးပြီးတဖြည်းဖြည်း မှောင်အတိကျလာသည်အထိအိမ်ကိုပြန်ရန်အာရုံမရနိုင်သေးပေ။

"ငါ ရာဇာကျော်ကိုစောင့်ကြည့်ဖို့လူလွှတ်ထားပေးပြီးသားပါ ဒီတစ်ခေါက်ကတော့မပူပါနဲ့ သူတို့ကစိတ်ချရပါတယ် သတင်းတစ်ခုခုရတာနဲ့ဆက်သွယ်လာလိမ့်မယ်"

ကျော်သူရကဘုန်းသျှန်ထက်စိတ်ပြေလိုပြေငြားဖျောင့်ဖျ ပြောဆိုနေသော်လည်း ဘုန်းသျှန်ထက်၏ပူလောင်နေရသော ရင်အစုံကတော့အနည်းငယ်မျှမသက်သာလာပါ။
ဘုန်းသျှန်ထက်ဟာငြိမ်ချက်သားကောင်းနေပေမယ့်သူ၏ စိတ်ထဲတွင်တော့မည်မျှအထိဗလောင်ဆူနေမည်ကို သူတို့ခန့်မှန်းမိပါသည်။

"ပြောရရင်ဒီလူကလမ်းဆုံးကိုရောက်နေတာ သူ့ရဲ့လုပ်ငန်းတွေမှန်သမျှ မင်းရဲ့ဦးလေးကဖိထားတော့သူ့မှာမလှုပ်သာ မရွေ့သာ ဖြစ်နေတာ ပြောရရင်သူ့ရဲ့လုပ်ငန်းတွေကလည်း သိပ်ပြီးအခြေအနေမကောင်းတော့ဘူး အခွန်ရှောင်တယ် ငွေအလွဲသုံးစားလုပ်တယ် သူ့မိသားစုကလည်းပထမတစ်ခါဖြစ်ထားတဲ့ကိစ္စကိုခွင့်လွှတ်ခဲ့ပေမယ့်အခုထပ်ဖြစ်နေတော့ သိပ်မကြည်တော့ပြန်ဘူးပြီးတော့အခုကိစ္စကိုကြည့်ပြီးဒီလူ့ကိုစိတ်ရောဂါအထူးကုနဲ့ ပြသင့်တယ်လို့ငါကတော့ထင်တယ် သူ့ရဲ့ဆိုက်ကိုကတကယ်ကြောက်ဖို့ကောင်းတာပဲ"

ALL I EVER NEED (Completed)Onde histórias criam vida. Descubra agora