Unicode Version
"ငယ်လေး ဘယ်အချိန်ကရောက်နေတာလဲ"
အတန်ကြာအံ့သြထိတ်လန့်နေပြီးနောက်မှဘုန်းသျှန်ထက်ထံကပထမဆုံးထွက်လာသည့်စကားပင်။ သူတို့နှစ်ယောက်ကြားတွင်အနေရခက်နေသောကျော်သူရကတော့အသာတိတ်တဆိတ်အခန်းထဲကထွက်လာခဲ့လိုက်သည်။ဤအခြေအနေမျိုးဟာ ကာယကံရှင်နှစ်ဦးတည်းဆွေးနွေးသင့်သည်မလား။
နေရောင်လွှမ်းမှာအခန်းဝတွင်ရပ်နေရာမှဘုန်းသျှန်ထက်ရှိရာဆီသို့ခြေလှမ်းကျဲကျဲလှမ်းကာရောက်လာသည်။ နှစ်ဦးလုံးမှာမတ်တပ်ရပ်လျက်အနေအထားဖြင့်တစ်ယောက်ကို တစ်ယောက်ကြည့်နေကြသည်။ နေရောင်လွှမ်းကတော့ ဒေါသတကြီးဖြစ်ပြီးဘုန်းသျှန်ထက်ကတော့အထိတ်တလန့် ဖြစ်လေရဲ့။
"အခုပြောတော့ ကျွန်တော့်ကိုအဝေးကိုပို့ဖို့ကြံစည်နေတာလား ဘာလားဆိုတာ"
ထိုနူးနူးညံ့ညံ့နှုတ်ခမ်းဖျားထက်ကအေးစက်စက်စကားလုံးများထွက်ကျလာသည်မှာမလိုက်ဖက်လှဟုဘုန်းသျှန်ထက် တွေးနေမိသည်။ နေရောင်လွှမ်းကတော့အလျှော့ပေးလိုဟန် လုံးဝမရှိသည့်ပုံပင်။
"အဝေးကိုတဲ့လား မဟုတ်ရပါဘူးကွာ ဦးသျှန်ကငယ်လေးရဲ့ မိဘတွေဆန္ဒကိုဖြည့်ဆည့်ပေးရုံပါ"
ဘုန်းသျှန်ထက်၏စကားကြောင့်နေရောင်လွှမ်းကဘုန်းသျှန်ထက်၏အနားသို့ပို၍တိုးကပ်လာသဖြင့်ဘုန်းသျှန်ထက်လည်း အနောက်သို့အနည်းငယ်ခြေလှမ်းဆုတ်မိသည်။
"ကျွန်တော့်ဆန္ဒကရော ဟမ် "
ဘုန်းသျှန်ထက်၏ပခုံးကိုဆောင့်တွန်းရင်းပြောလိုက်သည်ကြောင့် ဘုန်းသျှန်ထက်မှာအနောက်ကိုအလိုလိုခြေလှမ်းမိလျက်သားဖြစ်သွားရသည်။ပြန်လည်ဝေးကွာသွားသော အနေအထားကိုနေရောင်လွှမ်းကဘုန်းသျှန်ထက်၏အရှေ့သို့ ထပ်၍တိုးလာခြင်းဖြင့်ပြောင်းလဲပစ်သည်။
"ငယ်လေးကိုအတင်းအကြပ်မစီစဥ်ပါဘူး ငယ်လေးသဘောကျတဲ့မိန်းကလေးကိုရွေးခွင့်ရှိပါတယ် ဦးသျှန်က နည်းနည်းလေးအကဲခတ်ပေးရုံပဲ"
"ဟား ဘယ်လိုရယ်စရာကောင်းတဲ့စကားလဲ ဘာတွေပြောနေတာလဲဆိုတာကိုယ်တိုင်ရောသိရဲ့လား ဦးသျှန်ရူးနေလား"
YOU ARE READING
ALL I EVER NEED (Completed)
Romanceကိုယ်ဟာကိုယ့်ရဲ့နေ့ရက်တွေမှာသူ့ကိုချည်နှောင်ထားချင်နေဆဲ ဒီလိုနဲ့ပဲ နာကျင်လိုက်ရ၊လဲကျလိုက်ရ......။ ဒီလိုပဲ သူ့ဘက်ကကိုယ့်ကိုချည်နှောင်လာခဲ့ရင်လည်း စိတ်လိုလက်ရငြိတွယ်လိုက်ချင်သေးတာ...။ နေရော...