Ep-14

1.7K 142 8
                                    

Unicode Version

လူများတွင်အချိန်နှင့်ပတ်သက်၍စိုးရိမ်မှုရှိလေလေထိုနေ့ရက်များဟာခပ်စောစောရောက်လာလေ့ ရှိသည်။ တစ်လဆိုသောအချိန်ကအိပ်လိုက်စားလိုက်ဖြင့်ပင်ရောက်မှန်းမသိ ရောက်လာလေပြီ။ နေဘုန်းခန့်အတွက်တော့သေမိန့်ချခံရမည့်အကျဥ်းသားတစ်ဦး၏ ခံစားချက်မျိုးဖြစ်နေရသည်။

အခြေအနေအရထိုမင်္ဂလာပွဲကိုမတက်မဖြစ်တက်ရမည့်လူတစ်ယောက်လည်းဖြစ်နေသည်။ သူ၏ချစ်ရသူကလည်းထိုနေရာတွင်ရှိနေသည်။ အရာအားလုံးဟာနေဘုန်းခန့်၏ အမြင်အာရုံနှင့်နှလုံးသားကိုနှိပ်စက်မည့်ချွန်ထက်ထက်အသွားတစ်စင်းနှယ်။ ပြီးခဲ့သည့်ရက်ပိုင်းများကသူ့ထံသို့နေရှိုင်းသွင်ရောနေရောင်လွှမ်းပါမကြာခဏရောက်လာတတ်ပြီး သူ့အားနှစ်သိမ့်ပေးကြသည်။ ထိုအချိန်ကဤမင်္ဂလာပွဲကိုမတက်ရဖို့အက်စီးဒင့်တစ်ခု ဖန်တီးလိုက်လျှင်ကောင်းမလားဟုတစ်ကိုယ်တည်းတွေးနေမိသေးသည်။

မိန်းကလေးတစ်ယောက်၏တစ်သက်မှာတစ်ခါကျင်းပရသောမင်္ဂလာပွဲမျိုးတွင်ထိုမိန်းကလေးက အတောက်ပဆုံးလှပနေလေ့ရှိသည်တဲ့။ နေဘုန်းခန့်မှာချစ်ရသူ၏ထိုပုံစံလေးကို မြင်ရရန်လည်းလက်မလွှတ်နိုင်ပေ။ ထို့ကြောင့်ရင်ကိုခွဲမည့်မြင်ကွင်းကိုစိတ်လိုလက်ရ ကြည့်ရှုရန်ရောက်လာမိခြင်းပင်။

မင်္ဂလာခန်းမထဲသို့မဝင်ခင်တုံ့ဆိုင်းနေသောနေဘုန်းခန့်၏အနားကိုနေရောင်လွှမ်းနှင့် နေရှိုင်းသွင်ကရောက်လာသည်။ သူတို့နှစ်ဦးကလည်းဧည်သည်တော်စာရင်းတွင် ပါသည်ဖြစ်ရာနေဘုန်းခန့်အနားမှာနေပေးဖို့ဆုံးဖြတ်ထားကြပြီးဖြစ်သည်။အနားသို့ ရောက်လာသောနေရောင်လွှမ်းနှင့်နေရှိုင်းသွင်ကိုလှည့်ကြည့်လိုက်ပြီးနေဘုန်းခန့်က မချိပြုံးပြုံးရသည်။ အားတင်းပြီးပြုံးပြနေသောနေဘုန်းခန့်ကိုကြည့်၍နေရောင်လွှမ်းမှာ စိတ်မကောင်းဖြစ်ကာသက်ပြင်းခိုးချမိသည်။ နေဘုန်းခန့်ကတော့သူတို့နှစ်ယောက်ကို ဦးဆောင်ကာခန်းမထဲသို့ဝင်လာခဲ့သည်။

ပထမကအနောက်တိုင်းဆန်ဆန်မင်္ဂလာပွဲကိုစီစဥ်ရန်ပြင်ခဲ့သော်ငြားသတို့သမီးဘက်မှ မြန်မာ့ထုံးတမ်းအစဥ်အလာနှင့်ညီညီမင်္ဂလာပွဲကိုကျင်းပချင်သည်ဟုဆိုလာသဖြင့် နှစ်ဦးသဘောတူဖြင့်မြန်မာဆန်ဆန်မင်္ဂလာပွဲကိုသာရွေးချယ်ခဲ့ကြသည်။

ALL I EVER NEED (Completed)Where stories live. Discover now