Unicode Version
အခန်းထဲရှိအိပ်ရာထက်တွင်လက်ပ်တော့ကိုရှေ့ချထားပြီးထိုင်ကာအလုပ်လုပ်နေသောဘုန်းသျှန်ထက်အတွက်နေရောင်လွှမ်းမှာကော်ဖီဖျော်၍လာပို့ပေးရှာသည်။ ယနေ့အတွက်အလုပ်များကခါတိုင်းထက်ပို၍ များသည်ဖြစ်ရာညကိုးနာရီကျော်လာသည့်တိုင်အောင် ဘုန်းသျှန်ထက်ကတော့ပြီးစီးမည့်အရိပ်အယောင်မမြင်ရသေးပေ။
စာကြည့်မျက်မှန်တပ်ထားရပြီးစာရင်းစာရွက်အထပ်လိုက်ကို ကြည့်လိုက်၊လက်ပ်တော့စခရင်ကိုကြည့်ရလိုက်နှင့် တစ်ယောက်တည်းဗျာများနေရသည့်ဘုန်းသျှန်ထက်ကိုကြည့်၍ နေရောင်လွှမ်းလည်းရင်မောလာရသည်။ တစ်နေကုန်အလုပ်လုပ်၍အိမ်ကိုပြန်လာရသည့်တိုင်အနားမရရှာသော ဘုန်းသျှန်ထက်မှာအလွန်ပင်ပန်းနေရှာမည်ကိုသူလည်းသတိထားမိသည်။
နေရောင်လွှမ်းမှာကိုယ့်အခန်းကိုမပြန်နိုင်သေးဘဲ ဘုန်းသျှန်ထက်၏ကုတင်ပေါ်တွင်တင်ပုလ္လင်ခွေ၍ထိုင်ကာသူနှင့် မျက်နှာချင်းဆိုင်ရှိဘုန်းသျှန်ထက်ကိုစ်တ်လိုလက်ရထိုင်ကြည့်နေလေသည်။
ညအိပ်ဝတ်စုံအဝါရောင်ကိုဝတ်ထားပြီးဘုန်းသျှန်ထက်၏ အရှေ့တွင်မေးလေးထောက်ကာစိမ်ပြေနပြေထိုင်နေပါသော နေရောင်လွှမ်းအားဘုန်းသျှန်ထက်ကလည်းအလုပ်လုပ်နေရာမှ မျက်လုံးပင့်ကြည့်လာသည်။ အကြည့်ချင်းဆုံသည့်အခါ နေရောင်လွှမ်းကသူ၏ခေါင်းကိုစောင်းကာကြည့်ပြန်သည်။ ထို့နောက်ချစ်စဖွယ်ကောင်းသည့်အပြုံးတစ်ခုကို လှစ်ဟပြလေသည်။
တမင်တကာချစ်စရာကောင်းအောင်လုပ်ပြရန်ကြိုးစားနေသည့် နေရောင်လွှမ်း၏ရည်ရွယ်ချက်မှာအောင်မြင်ပုံရသည်။ ဘုန်းသျှန်ထက်ဟာသူ၏ထိုပုံစံလေးကိုအသည်းယားသလို ပြုံးလိုက်ပြီးနေရောင်လွှမ်း၏ဘယ်ဘက်ပါးပြင်ကို ဆွဲဖဲ့သည်။
"မအိပ်သေးဘူးလား ငယ်လေးရဲ့"
"အိပ်တော့အိပ်မယ် ဒါပေမယ့်ဒီမှာအိပ်ချင်တယ်"
မျက်နှာလေးကိုအောက်ချကာမျက်လုံးလေးဖြင့်ပင့်ကြည့်လာသည့်ပုံစံလေးဟာယုန်သူငယ်လေးတစ်ကောင်အသနားခံနေသည့်ဟန်ပန်လေးနှင့်ပင်တူလှလေသည်။
YOU ARE READING
ALL I EVER NEED (Completed)
Romanceကိုယ်ဟာကိုယ့်ရဲ့နေ့ရက်တွေမှာသူ့ကိုချည်နှောင်ထားချင်နေဆဲ ဒီလိုနဲ့ပဲ နာကျင်လိုက်ရ၊လဲကျလိုက်ရ......။ ဒီလိုပဲ သူ့ဘက်ကကိုယ့်ကိုချည်နှောင်လာခဲ့ရင်လည်း စိတ်လိုလက်ရငြိတွယ်လိုက်ချင်သေးတာ...။ နေရော...