Ep-6

2.6K 223 12
                                    

Unicode Version

ရုံးပိတ်ရက်ဖြစ်သည်ကိုတောင်မနက်ကတည်းကထွက်သွားသောဘုန်းသျှန်ထက်ကြောင့် နေရောင်လွှမ်းမှာအိမ်ထဲတွင်တစ်ယောက်တည်းပျင်းလှသည်မို့သူငယ်ချင်းနှစ်ယောက်ကိုခေါ်၍ အဖော်လုပ်ခိုင်းရသည်။ကျောင်းပိတ်ရက်မို့အားယားနေကြသည့်နှစ်ယောက်ကလည်းနှစ်ခါမခေါ်ရပါ။ နေရောင်လွှမ်းကတော့နေဘုန်းခန့်နှင့်နေရှိုင်းသွင်တို့အတွက်ကော်ဖီဖျော်ကာဧည့်ခန်းထဲသို့ယူလာရသည်။

“ဟိုနေ့ကရှင်းခေမီကငါ့ဆီရောက်လာသေးတယ် မင်းဆီကအပြတ်ငြင်းတာခံရပြန်ပြီတဲ့”

ကော်ဖီခွက်နှစ်ခွက်ကိုင်ကာအနားသို့ရောက်လာသောနေရောင်လွှမ်းကိုကြည့်၍နေရှိုင်းသွင်ကပြောလိုက်ခြင်း ဖြစ်သည်။နေရောင်လွှမ်းကတော့ဂရုမစိုက်လေဟန်အမူအရာဖြင့်နေရှိုင်းသွင်နှင့်နေဘုန်းခန့်၏ မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်ကာကော်ဖီခွက်များကိုလည်းစားပွဲပေါ်တင်လိုက်သည်။ထို့နောက် နေရှိုင်းသွင်နှင့်နေဘုန်းခန့်တို့၏ရှေ့သို့ကော်ဖီခွက်ကိုတွန်းပို့လိုက်ရင်းပြောလိုက်သည်။

“မင်းတို့လည်းသူ့ဆီကစကားတွေငါ့ဆီကိုသယ်မလာပေးကြနဲ့ ပြောရရင်သူကဝေးဝေးနေသင့်တဲ့ မိန်းကလေးမျိုးနော်”

“သူ့စိတ်ထားလေးကတော့တအားမဆိုးလှပါဘူးဟ”

နေဘုန်းခန့်ကနေရောင်လွှမ်း၏စကားကိုပြန်ပြောလေတော့နေရောင်လွှမ်းကအသာသက်ပြင်းချသည်။

“သူ့ကိုဆိုးတယ်လို့လည်းမပြောပါဘူး ဒါပေမယ့်ကောင်းတဲ့ပုံလည်းမပေါ်သလိုပဲ နည်းနည်းပိုင်စိုးပိုင်နင်း ဆန်တယ် ဆတ်ကော့လတ်ကော့နေတတ်တယ်ကွာ ယောကျ်ားလေးတွေကိုလည်းကစားတတ်သေးတယ်”

နေရောင်လွှမ်းကထိုသို့ပြောတော့နေရှိုင်းသွင်ကဝင်၍ထောက်ခံလေသည်။

“အမှန်ပဲ သူ့ကိုပိုးတဲ့ကောင်တွေကသူတို့အချင်းချင်းလည်းမတည့်ကြဘူး ရှင်းခေမီအနားကပ်တဲ့လူတွေကိုလည်း ရန်ရှာကြသေးတယ် ငါတော့နေရောင်သူ့ကိုရှောင်တာကောင်းတယ်လို့မြင်တာပဲ”

ALL I EVER NEED (Completed)Where stories live. Discover now