Ep-25

1.9K 127 5
                                    

Unicode Version

ဘုန်းသျှန်ထက်ဟာ အချိန်လွန်နေသည်ကိုတောင်ပေါ်မလာသေးသော နေရောင်လွှမ်းအားကျောင်းထဲရှိနေရာအနှံ့တွင်လိုက်ရှာနေမိသည်။ ကျောင်းရှေ့သို့ စရောက်ပါပြီဆိုကတည်းက နေရောင်လွှမ်းအားတစ်ချိန်လုံး ဖုန်းခေါ်နေသော်လည်းတစ်ဖက်ကတော့ဖြေသူမဲ့နေလေသည်။

ဘုန်းသျှန်ထက်ဟာစိုးရိမ်စပြုလာသော်လည်းအတတ်နိုင်ဆုံး စိတ်အေးအေးထား၍အရင်ဦးဆုံး ကျောင်းထဲ၌ပတ်ရှာနေသေးသည်။ နေရှိုင်းသွင်နှင့်နေဘုန်းခန့်ကိုတွေ့သည့်အခါတွင်တော့ ဘုန်းသျှန်ထက်၏စိုးရိမ်ရေမှတ်ကအမြင့်ဆုံးသို့ ရောက်လာတော့သည်။

"သူကဒီနေ့အတန်းအစောကြီးပြီးတာလေ ကျွန်တော်တောင် ပြောလိုက်သေးတယ် ဦးသျှန်လာမကြိုရင်ကျွန်တော်တို့ အတန်းပြီးတဲ့အထိစောင့်လို့"

"ဦးသျှန်နဲ့လည်းအခုထိမတွေ့သေးဘူး"

ဘုန်းသျှန်ထက်ဟာခြောက်သွေ့လာသောသူ၏နှုတ်ခမ်းကို ကိုက်လိုက်ပြီးစိုးရိမ်တကြီးဖြစ်နေသည့်သူ၏ပုံစံကို ထိန်း၍ရလိုရငြားကြိုးစားကြည့်သည်။ အမူအရာအရသာ တည်ငြိမ်နေပုံရသော်လည်း စိတ်ထဲတွင်တော့အလွန် ယောက်ယက်ခတ်နေလေပြီ။

"အာ..သူတို့ကိုမေးလို့ရတာပဲ မေ့နေလိုက်တာ"

ဘုန်းသျှန်ထက်လည်းယခုမှသာသူလွှတ်ထားသည့်လူနှစ်ယောက်ကို အမှတ်ရသွားပြီးဖုန်းကိုထုတ်ကာတစ်ဖက်ကို ခေါ်လိုက်သည်။ သို့သော်စက်ပိတ်ထားသည်နှင့်သာတိုးနေသည် ဖြစ်ရာ နောက်တစ်ယောက်၏ဖုန်းကိုခေါ်မိပြန်တော့လည်း အလားတူပင်။

ထိုအခါမှသာဘုန်းသျှန်ထက်ဟာအမှန်တကယ်ကမ္ဘာပျက်မတတ်ဖြစ်ရတော့သည်။ ကြောက်ရွံ့မှုကြောင့်သူ၏မေးဖျားဟာ တဆတ်ဆတ်တုန်ရီလာပြီးနှလုံးခုန်သံကလည်း ကြောက်မက်ဖွယ်မြည်ဟည်းနေလေ၏။ ခေါင်းထဲတွင်လည်း ဖြစ်နိုင်ချေမှန်သမျှကိုတွေးတောနေရသဖြင့် တဆစ်ဆစ်ထိုးကိုက်လာသောခေါင်းကလည်းအပြင်းအထန်နာကျင်လာရသည်။

"လွှမ်းလေးပျောက်နေပြီ ဘယ်သူ့ကိုမှဆက်သွယ်လို့မရဘူး"

ဘုန်းသျှန်ထက်ဟာတစ်ကိုယ်တည်းရေရွတ်နေဟန်ဖြင့် ပြောနေသောအခါဘေးနားတွင်ရှိနေသည့်နေရှိုင်းသွင်နှင့် နေဘုန်းခန့်ကလည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။

ALL I EVER NEED (Completed)Where stories live. Discover now