Ep-31 [Final Part]

6.1K 185 15
                                    

Unicode Version

နောက်တစ်နေ့တွင်နေရောင်လွှမ်းနှင့်ဘုန်းသျှန်ထက်တို့၏ အိမ်ထဲတွင်ကလေးငါးယောက်လူကြီးခြောက်ယောက်နှင့် ပြည့်နှက်နေလေရာ ပုံမှန်ဆိုလျှင်တိတ်တိတ်ဆိတ်ဆိတ်ရှိတတ်သော အိမ်လေးမှာယနေ့တော့ဆူဆူညံညံရှိလှသည်။ နေရှိုင်းသွင်နှင့်နေဘုန်းခန့်မှာရှိန်းထက်နှင့်သူ၏သူငယ်ချင်းလေးများကို လိုက်ထိန်းရင်းအလုပ်များနေကြသလို နေရောင်လွှမ်းနှင့်ဘုန်းသျှန်ထက်ကလည်း အားလုံးစားသောက်ကြရန် ဟင်းပွဲပေါင်းစုံကိုပြင်ဆင်ခင်းကျင်းနေရလေသည်။

ကျော်သူရကတော့ဧည့်ခန်းထဲတွင်ထိုင်ကာကလေးများနောက်မှ ဒရောသောပါးပြေးလိုက်နေရသောနေရှိုင်းသွင်နှင့် နေဘုန်းခန့်၏ပုံစံကိုအေးအေးလူလူထိုင်ကြည့်နေလေ၏။ ရှင်းခေမီကတော့ယနေ့ပွဲအားမဖိတ်ဘဲရောက်လာသူဖြစ်ပြီး မည်သူကမှသူမကိုနှင်ထုတ်ခြင်းမပြုကြပေ။ ဘုန်းသျှန်ထက်ကတော့သူမအား သတိထားနေသည့်ပုံပေါ်ပြီး နေရောင်လွှမ်းကိုလည်း အတတ်နိုင်ဆုံးသူမထံမှကာကွယ်နေပုံပင်။ ဤသည်ကိုကြည့်၍နေရှိုင်းသွင်ကနေဘုန်းခန့်နှင့်တိုးတိုးတိတ်တိတ်ပြောကာသဘောကျနေကြသည်။

"တို့ကိုအဲ့လောက်လည်းသတိထားမနေကြပါနဲ့ တကယ်ပါပဲ နာမည်ကြီးထမင်းငတ်ဆိုတာငါမှအစစ် လွှမ်းကိုလက်လျှော့လိုက်ပါပြီဆိုမှ....အခုလာတာလည်းရှိန်းလေးကိုတွေ့ချင်တာပါကွာ"

ဘုန်းသျှန်ထက်၏ရေဒါမှရုန်းထွက်၍မရသည့်အဆုံး ရှင်းခေမီကမကျေမနပ်ဖြင့်ဆူအောင့်အောင့်လေးပြောလာသောအခါ ဘုန်းသျှန်ထက်မှာလည်းအနည်းငယ်အားနာသွားရသလို ကျန်လူများကတော့တဟားဟားအော်ရယ်နေလေသည်။ ဘာမှနားမလည်သည့်ကလေးငါးယောက်ကလည်း လူကြီးများရယ်သည်ကိုရောယောင်၍လိုက်ရယ်နေလေရာ အားလုံးပွဲကျသွားရတော့သည်။

မွေးနေ့အတွက်ကိတ်ခွဲပြီးသည့်နောက်တွင်လူကြီးများက တစ်ဝိုင်းကလေးများကတစ်ဝိုင်းဖွဲ့ကာ သူ့အစုနှင့်သူ စကားပြောနေကြသည်။

"မင်းတို့နှစ်ယောက်ကအရမ်းလိုက်ဖက်နေတယ်လို့ ငါတော့မြင်တာပဲ"

ALL I EVER NEED (Completed)Where stories live. Discover now