Unicode Version
ဗီဒီယိုဖိုင်ထဲရှိဘုန်းသျှန်ထက်ဟာသုံးနှစ်သာသာလောက်သာရှိဦးမည့်ကလေးတစ်ယောက်ကိုပွေ့ချီထားသည့်အမျိုးသမီးတစ်ဦးနှင့်စကားတပြောပြောဖြင့် ခြံဝန်းတစ်ခုထဲသို့ဝင်သွားနေသည်။ ကားပေါ်မှ အထုပ်အပိုးတချို့ကိုအိမ်ထဲသို့ပြောင်းရွှေ့ပေးနေသည်။ ထိုအမျိုးသမီးနှင့်ဘုန်းသျှန်ထက်က အထုပ်အပိုးများသယ်ရွှေ့နေချိန်မှာကလေးလေးဟာ အိမ်ထဲတွင်ပြေးလွှားဆော့နေရင်းမှ အဝတ်အိတ်ကိုသယ်လာသည့်ဘုန်းသျှန်ထက်ကိုကြည့်၍ ဖေဖေဟုအားပါးတရအော်ခေါ်နေလေသည်။
ဤသည်ကိုကြည့်နေရသောနေရောင်လွှမ်းမှာတော့ ဘုန်းသျှန်ထက်၏မျက်နှာကိုအထင်အရှားမြင်နေရသည့်တိုင် မယုံကြည်နိုင်သေးပေ။ ထို့ကြောင့်မခံမရပ်ဖြစ်စေနိုင်သည့် ထိုဗီဒီယိုကိုအံတကြိတ်ကြိတ်နှင့်ကြည့်ရင်းရာဇာကျော်အား ပြောလိုက်သည်။
"ဒါ ဘယ်နေရာလဲဆိုတာသိလား ကျွန်တော်ကိုယ်တိုင်သွားကြည့်ချင်တယ်"
"စက်မှုထဲမှာလေ နီးနီးလေးပါ သွားကြတော့မလား"
ရာဇာကျော်ကသူ၏ကားကိုညွှန်ပြရင်းပြောလိုက်သည့်အခါ နေရောင်လွှမ်းကအနည်းငယ်တော့တွန့်ဆုတ်သွားသေးသည်။ လူစိမ်းတစ်ဦးမောင်းသောကားကိုလိုက်စီးရန်မှာ ယခုလိုရှုပ်ထွေးနေသောအခြေအနေမျိုးတွင်တော်တော်မိုက်မဲရာ ကျပေလိမ့်မည်။
"ကျွန်တော်မောင်းမယ် အဲ့ဘက်ရောက်ရင်သာသေချာလမ်းပြပေး"
မေးဆတ်ပြရင်းပြောလာသည့်နေရောင်လွှမ်း၏စကားကြောင့် ရာဇာကျော်ကခဏတော့မျက်နှာပျက်မိသွားသော်လည်း ချက်ချင်းပင်အမူအရာကိုပြန်ထိန်းလိုက်သည်။
"ကောင်းပါပြီ ဒါပေမယ့်ဟိုနှစ်ယောက်ကရောဘယ်လိုလုပ်မှာလဲ သူတို့သာဘုန်းသျှန်ထက်ဆီကိုသတင်းပို့လိုက်ရင် ဟိုကတန်းလစ်သွားမှာနော်"
နေရောင်လွှမ်း၏အနောက်တွင်အမြဲလိုက်နေသည့် သက်တော်စောင့်လိုလိုစပိုင်လိုလိုနှစ်ယောက်ဟာအခုထိရှိနေဆဲ ဆိုသည်ကိုနေရောင်လွှမ်းမှာမေ့လျော့နေပေပြီ။ ဘုန်းသျှန်ထက်ထံမှဝန်ခံစကားကိုကြားပြီးကတည်းကကိစ္စတော်တော်များများအား နေရောင်လွှမ်းလျစ်လျူရှုပစ်ထားခြင်းဖြစ်၏။
YOU ARE READING
ALL I EVER NEED (Completed)
Romanceကိုယ်ဟာကိုယ့်ရဲ့နေ့ရက်တွေမှာသူ့ကိုချည်နှောင်ထားချင်နေဆဲ ဒီလိုနဲ့ပဲ နာကျင်လိုက်ရ၊လဲကျလိုက်ရ......။ ဒီလိုပဲ သူ့ဘက်ကကိုယ့်ကိုချည်နှောင်လာခဲ့ရင်လည်း စိတ်လိုလက်ရငြိတွယ်လိုက်ချင်သေးတာ...။ နေရော...