Unicode Version
"ဦးသျှန်ပျောက်သွားလို့လိုက်ရှာနေတာ အာ..ဧည့်သည်ရောက်နေတာကိုး"
"ကြည့်ရတာဒီကလေးကနေရောင်လွှမ်းဟုတ်တယ်ဟုတ်"
သရော်လိုဟန်အပြုံးမျိုးဖြင့်ပြုံးရင်းဘုန်းသျှန်ထက်ကိုကြည့်၍မေးနေလေသောထိုလူ့ကြောင့် ဘုန်းသျှန်ထက်မှာနေရောင်လွှမ်းကိုတစ်လှည့်ထိုလူကိုတစ်လှည့်ကြည့်နေမိသည်။
"ဟုတ်ပါတယ် ကျွန်တော့်ကိုသိလို့လား ဦးလေးကရောဘယ်သူလဲ"
"သြော် မင်းရဲ့ဦးသျှန်နဲ့မိတ်ဟောင်းဆွေဟောင်းတွေပေါ့"
နေရောင်လွှမ်းနှင့်ဦးရာဇာကျော်တို့တစ်ယောက်တစ်ခွန်းစကားပြောနေကြသည်ကိုကြည့်ရင်း ဘုန်းသျှန်ထက်မှာဒေါသတလိပ်လိပ်ထွက်လာရသည်။သို့သော်လည်းမျက်နှာအမူအရာကိုအတတ်နိုင်ဆုံးထိန်းကာထိုစကားဝိုင်းကိုဝင်ဖျက်လိုက်ရသည်။
"ခင်ဗျားပြောတာကျုပ်သဘောတူတယ် ဒါပေမယ့်အခုတော့ခင်ဗျားပြန်လိုက်ဦး နောက်မှကျုပ်ဆက်သွယ်လိုက်မယ်"
"ကောင်းပြီလေ သိပ်တော့မကြာစေနဲ့ဗျာ ကျုပ်ကိုရှာချင်ရင်ဘယ်ကိုလာရမလဲခင်ဗျားသိပါတယ် ဒါဆိုကျုပ်သွားပြီ"
ခနဲ့တဲ့တဲ့အမူအရာဖြင့်အနားကထွက်သွားသောလူကြောင့်ဘုန်းသျှန်ထက်မှာဒေါသကိုကြိုးစား၍ မြိုသိပ်နေရသည်။ ဘာမှမသိရှာသောနေရောင်လွှမ်းကတော့ ဘုန်းသျှန်ထက်ကိုကြည့်၍ အလုပ်ပြီးပြီလားဟု မေးနေရှာသည်။
"ဦးသျှန် ဘာလုပ်စရာရှိသေးလဲ "
" ထွေထွေထူးထူးတော့မရှိတော့ဘူးလေ ပြန်ကြတော့မလား"
နေရောင်လွှမ်းကလည်း ဤနေရာတွင်ရောက်နေသည်မှာကြာပြီမို့ ပြန်ရန်သဘောတူလိုက်လေသည်။
ထို့နောက် နှစ်ယောက်သားရုံးခန်းသို့တစ်ခေါက်သွား၍ ဘုန်းသျှန်ထက်က ညဘက်ဖတ်ရမည့် စာရွက်စာတမ်းအချို့ကိုယူပြီးမှ parking lot ကိုထွက်လာခဲ့ကြသည်။"ဦးသျှန် ကျွန်တော်က ဆိုင်ကယ်နဲ့လာတာ"
"ဦးသျှန်ရဲ့ ကားနဲ့ပဲ ပြန်လိုက်ခဲ့လိုက် မနက်ဖြန် ကျောင်းသွားရင်လည်း ဦးသျှန်ပဲလိုက်ပို့ပေးမယ်
ပြီးမှ ငယ်လေး အတန်းမပြီးခင်တစ်ယောက်ယောက်ကိုလာပို့ခိုင်းပေးမယ်လေ"
YOU ARE READING
ALL I EVER NEED (Completed)
Romanceကိုယ်ဟာကိုယ့်ရဲ့နေ့ရက်တွေမှာသူ့ကိုချည်နှောင်ထားချင်နေဆဲ ဒီလိုနဲ့ပဲ နာကျင်လိုက်ရ၊လဲကျလိုက်ရ......။ ဒီလိုပဲ သူ့ဘက်ကကိုယ့်ကိုချည်နှောင်လာခဲ့ရင်လည်း စိတ်လိုလက်ရငြိတွယ်လိုက်ချင်သေးတာ...။ နေရော...