Unicode Version
ဘုန်းသျှန်ထက်ခရီးသွားသည့်ရက်ဆယ်ရက်ကျော်ကြာသွားသည့်အခါတွင်တော့နေရောင်လွှမ်းတို့၏ စာမေးပွဲပထမဆုံးရက်သို့ရောက်လာပြီဖြစ်၏။ နေရောင်လွှမ်းမှာသူ၏ထုံးစံအတိုင်းစာမေးပွဲတွင်း အဖျားကစတင်လာလေပြီ။ ထူးထူးဆန်းဆန်းအနေအထိုင်အစားအသောက်မဆင်မခြင် ပြုမူမိသည်မျိုးလည်းမရှိပါဘဲအဖျားဝင်လာသည့်အခါတွင် ဘုန်းသျှန်ထက်၏အမှာစကားအရ နေရှိုင်းသွင်နှင့်နေဘုန်းခန့်ကလည်းနေရောင်လွှမ်းကိုအထူးဂရုစိုက်ပေးကြသည်။
သူတို့၏စာမေးပွဲအတွင်းဗျာများနေရမည်စိုးသဖြင့်နေရောင်လွှမ်းကအရမ်းအာရုံမထားရန်ပြောသော်ငြား သူတို့နှစ်ယောက်ကမရပါပေ။ ခိုင်း၍လုပ်ရသည်မျိုးလည်းမဟုတ်ဘဲအမှန်တကယ်စိတ်စေတနာဖြင့် လုပ်ပေးနေတော့လည်းနေရောင်လွှမ်းမှာအားနာရပြန်သည်။ စာမေးပွဲဖြေပြီး၍အိမ်ကိုပြန်မည့် အချိန်တွင်လည်းနုံးချိနေသောနေရောင်လွှမ်းကိုကြည့်ပြီးနေရှိုင်းသွင်ကမေးလာသည်။
“မင်း အဆင်ပြေရဲ့လား ကိုယ်တော့နည်းနည်းပူနေတာပဲ”
“ရပါတယ်ကွာ ငါယောကျ်ားပါကွ အဲ့လောက်လည်းမဟုတ်ပါဘူး”
နေရောင်လွှမ်း၏ဂျစ်ကန်ကန်အမူအရာမှာအဖျားနှင့်အတူရုပ်လုံးကြွလာလေရာနေရှိုင်းသွင်နှင့်နေဘုန်းခန့်မှာ သူ့အားကိုယ့်ကိုကိုယ်ဂရုစိုက်ရန်အတော်ကိုဖျောင့်ဖျရသည်။နေရောင်လွှမ်းကတော့အဖေကြီးတစ်ယောက်လို ဆုံးမသြဝါဒခြွေနေသောနှစ်ယောက်ကိုကြည့်ပြီးတပြုံးပြုံးလုပ်နေလေသည်။
“အေးပါကွာ ခန္ဓာကိုယ်ကနည်းနည်းညောင်းကိုက်နေတယ်ဆိုရုံပါ အိမ်ထဲမှာအနေများသွားလို့ဖြစ်မယ် အခုတော့အိမ်ကိုချက်ချင်းမပြန်ချင်သေးဘူး ဦးပိန်တံတားဘက်ကိုသွားရအောင်”
နေဘုန်းခန့်နှင့်နေရှိုင်းသွင်ကအိမ်ပြန်ရန်ဆိုင်ကယ်ကိုပင်စက်နှိုးပြီးဖြစ်ရာနေဘုန်းခန့်၏ဆိုင်ကယ်အနောက်ခုံတွင် တက်ထိုင်လိုက်ပြီးပြောလာသောနေရောင်လွှမ်း၏စကားကြောင့်နေဘုန်းခန့်နှင့်နေရှိုင်းသွင်မှာ တစ်ယောက်ကိုတစ်ယောက်လှမ်းကြည့်လိုက်ကြသည်။နေရှိုင်းသွင်ကတော့သူ၏ဆိုင်ကယ်ပေါ်တွင် ထိုင်နေရင်းမှနေရောင်လွှမ်းအားကြည့်၍ပြန်ပြောသည်။
YOU ARE READING
ALL I EVER NEED (Completed)
Romanceကိုယ်ဟာကိုယ့်ရဲ့နေ့ရက်တွေမှာသူ့ကိုချည်နှောင်ထားချင်နေဆဲ ဒီလိုနဲ့ပဲ နာကျင်လိုက်ရ၊လဲကျလိုက်ရ......။ ဒီလိုပဲ သူ့ဘက်ကကိုယ့်ကိုချည်နှောင်လာခဲ့ရင်လည်း စိတ်လိုလက်ရငြိတွယ်လိုက်ချင်သေးတာ...။ နေရော...