Unicode Version
ကျုံးရေပြင်မှဖြတ်တိုက်လာသောလေအေးများဟာနေရောင်လွှမ်း၏တစ်ကိုယ်လုံးကိုအေးချမ်းမှုပေးနေသော်လည်း နေရောင်လွှမ်း၏စိတ်ကမူအေးမြမှုကိုမခံစားရပေ။ တိမ်လိပ်များတစ်စစီမျောလွင့်နေသောပုစွန်ဆီရောင်ကောင်းကင်နောက်ခံတွင်ကျုံးမြို့ရိုးဟာခံ့ညားစွာတည်ရှိနေပြီး ထိုပုံရိပ်မှာရေပြင်ထက်တွင်အသရေတင့်တယ်စွာထင်ဟပ်နေသည့်ပုံစံမှာရှုမဝချင်စရာပင်။
ရင်အေးချမ်းဖွယ်မြင်ကွင်းများဟာလည်းအခုအချိန်တွင် နေရောင်လွှမ်း၏စိတ်ကိုနှစ်သိမ့်နိုင်စွမ်းမရှိပါ။ ကျုံးရေပြင်ဘက်သို့မျက်နှာမူထားသည့်ခုံတန်းလေးတွင်ထိုင်ကာ အရှေ့ကမြင်ကွင်းကိုမမှိတ်မသုန်ငေးကြည့်နေမိသည်။
မျက်စိရှေ့မှမြင်ကွင်းဟာအမြင်အာရုံကိုဖမ်းစားနိုင်သော်လည်း စိတ်အာရုံကိုတော့ဖြင့်သိမ်းပိုက်နိုင်စွမ်းမရှိပေ။ နေရောင်လွှမ်း၏အတွေးများသည်နေ့လယ်ကအဖြစ်အပျက်တွင်သာ တဝဲလည်လည်ဖြစ်နေရသည်။
မလိုအပ်ဘဲရှုပ်ထွေးနေရသည့်ကိစ္စများအကြောင်းကိုလည်း အလေးအနက်တွေးကာစိတ်ရှုပ်ရသည်။ ဤကိစ္စများတွင် သူမသိသေးသည့်အပိုင်းအစတစ်ခုလိုအပ်နေ၍နားလည်ရန် ခက်ခဲနေခြင်းဖြစ်ရမည်ဟုလည်းထင်မိသည်။သို့သော်လည်း ထိုအကြောင်းအရာများကိုဘုန်းသျှန်ထက်မှပြောမပြလျှင် သူသိနိုင်မည်တဲ့လား။ အခြားမည်သူ့အားမေးမြန်းသင့်လဲဟု တွေးမိသည့်အခါတွင်တော့ခုနကဘုန်းသျှန်ထက်နှင့်အတူ ရှိနေသည့်ကျော်သူရဆိုသောလူကိုသာနေရောင်လွှမ်းအမှတ်ရမိသည်။
သို့သော်လည်းထိုလူမှာဘုန်းသျှန်ထက်၏ဘက်တော်သားစစ်စစ်ဖြစ်နေပြန်သည်။စိတ်တိုစိတ်ရှုပ်နေသည့်အချိန်တွင် များများစားစားတွေးတောခြင်းဟာခေါင်းကိုအလွန်အမင်း မူးနောက်သွားစေလေသည်။ နေရောင်လွှမ်းကနောက်ကျိသွားသောခေါင်းကိုအနားပေးရန်လက်ရှိပြဿနာများကို ခဏတာမေ့ဖျောက်ထားလိုက်ရသည်။
ဤနေရာတွင်နေရောင်လွှမ်းထိုင်နေမိသည်မှာညနေ စောင်း၍မိုးပင်ချုပ်တော့မည်။ နေရောင်လွှမ်းကတော့ ပြန်မည့်အရိပ်အယောင်လည်းလုံးဝမရှိသေးပေ။ နေရောင်လွှမ်းနှင့် မလှမ်းမကမ်းကလူနှစ်ယောက်ကလည်းသူနှင့်အတူ ရှိနေဆဲပင်။
YOU ARE READING
ALL I EVER NEED (Completed)
Romanceကိုယ်ဟာကိုယ့်ရဲ့နေ့ရက်တွေမှာသူ့ကိုချည်နှောင်ထားချင်နေဆဲ ဒီလိုနဲ့ပဲ နာကျင်လိုက်ရ၊လဲကျလိုက်ရ......။ ဒီလိုပဲ သူ့ဘက်ကကိုယ့်ကိုချည်နှောင်လာခဲ့ရင်လည်း စိတ်လိုလက်ရငြိတွယ်လိုက်ချင်သေးတာ...။ နေရော...