Unicode Version
နေရာအချက်အချာကျပြီး အတော်အသင့်စည်ကားသော လမ်းဆုံတစ်ခု၏အနီးတွင်ရှိနေသောကစားကွင်းနှင့်ပန်းခြံ ဆက်လျက်မြေကျယ်ကျယ်တစ်ခုအားလုံခြုံစွာ တံတိုင်းကာရံထားသည်ဖြစ်ရာ ဘုန်းသျှန်ထက်နှင့်ကျော်သူရအဖို့ခိုးဝင်ရန် ခက်ခဲနေသည်။ အထဲတွင်လည်း အလုပ်သမားယောင်ယောင်၊အစောင့်ယောင်ယောင်လူတချို့ရှိနေသဖြင့် သတိကြီးစွာထားရသေးသည်။
ဤနေရာသို့မရောက်မီ ကိုက်များစွာအကွာကတည်းကသူတို့ စီးလာသောကားကိုမမြင်အောင်ရပ်ထားရစ်ခဲ့သည်ဖြစ်ရာ ဘုန်းသျှန်ထက်တို့နှစ်ဦးမှာ ဤနေရာတစ်ဝိုက်တွင်ခိုးကြောင်ခိုးဝှက်ဖြင့် လျှောက်သွားကာအထဲသို့ဝင်ရန် လမ်းရှာနေရသည်။
"ငါတို့ရောက်လာနိုင်တယ်ဆိုတာကိုသူတို့လည်းတွက်ထားမှာပဲ အထဲမှာရှိတဲ့လူတွေကအရင်ရက်ကလည်းဒီလိုပဲများလား ဒါမှမဟုတ်ငါတို့လာလိမ့်မယ်လို့တွေးပြီးအခုမှအရေအတွက် တိုးထားတာလားမသိတော့ သတိထားမှဖြစ်မယ် ဘုန်းသျှန်"
အချိန်မှာမှောင်ရိပ်သမ်းနေပြီဖြစ်ရာတံတိုင်းပတ်လည်တွင် လှည့်ပတ်စစ်ဆေးနေရင်းမှကျော်သူရကပြောလာသည်။ ထို့ကြောင့် ဘုန်းသျှန်ထက်လည်းသူ၏စကားကိုသဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဘယ်လိုအခြေအနေဖြစ်ဖြစ်ငါတို့ဘက်ကရွေးချယ်စရာမှ မရှိတာ"
နှစ်ယောက်သားစကားပြောနေရင်းတံတိုင်း၏တစ်ဖက်မှ စကားသံအချို့ကြားလိုက်ရသဖြင့်နှုတ်ဆိတ်သွားရသည်။ ထို့နောက်ဘုန်းသျှန်ထက်ကကျော်သူရအားမျက်နှာရိပ်မျက်နှာကဲဖြင့်တစ်ဖက်သို့သွားကြရန်အချက်ပြလိုက်သည်။ ကျော်သူရကလည်းသဘောပေါက်ကြောင်း ခေါင်းတစ်ချက်ညိတ်၍သာတုံ့ပြန်သည်။
ပတ်ဝန်းကျင်တစ်ဝိုက်ဟာအလွန်မှောင်မည်းနေကာ အနည်းငယ်ဖြာကျနေသောလရိပ်လေးသာရှိလေသည်။ တစ်ဖက်မှသတိထားမိသွားမည်စိုး၍အမှောင်ထဲတွင် မီးလည်းမသုံးရဲသဖြင့် စမ်းတဝါးဝါးသာလျှောက်လာခဲ့ကြသည်။
ကစားကွင်း၏အနောက်ဘက်မျက်နှာစာသို့အရောက်တွင် မြေမျက်နှာပြင်ဟာအတော်အတန်မြင့်လေသဖြင့်တံတိုင်းကို ကျော်တက်ရန်ဖြစ်နိုင်လေသည်။ ထို့ကြောင့်အတွင်းမှ အရိပ်အခြည်ကိုစူးစမ်းလိုက်ပြီးနောက် နှစ်ဦးသားအုတ်တံတိုင်းကို ကျော်တက်ရန်ကြိုးစားကြတော့သည်။
YOU ARE READING
ALL I EVER NEED (Completed)
Romanceကိုယ်ဟာကိုယ့်ရဲ့နေ့ရက်တွေမှာသူ့ကိုချည်နှောင်ထားချင်နေဆဲ ဒီလိုနဲ့ပဲ နာကျင်လိုက်ရ၊လဲကျလိုက်ရ......။ ဒီလိုပဲ သူ့ဘက်ကကိုယ့်ကိုချည်နှောင်လာခဲ့ရင်လည်း စိတ်လိုလက်ရငြိတွယ်လိုက်ချင်သေးတာ...။ နေရော...