Ep-16

1.6K 148 14
                                    

Unicode Version

ဘုန်းသျှန်ထက်မှာအလုပ်မသွားခင်မနက်ခင်းထမင်းစားပွဲတွင်စားသောက်နေသည်ကို အာရုံမရဘဲအရှေ့တည့်တည့်ကနေရောင်လွှမ်း၏အရိပ်အကဲကိုသာသတိထားနေမိသည်။ ပြီးခဲ့သည့်တစ်ပတ်လုံးလုံးဘုန်းသျှန်ထက်မှာနေရောင်လွှမ်းအား ကျောင်းပြီးလျှင်လုပ်ရမည့်မင်္ဂလာပွဲနှင့်ပတ်သက်၍ အနည်းအကျဥ်းတော့ပြောပြထားရမည့်အကြောင်းကို အသေအချာစဥ်းစားထားပြီးဖြစ်သည်။

ဘုန်းသျှန်ထက်အဖို့နေရောင်လွှမ်းနှင့်သင့်တော်မည့်လူကို သေချာရွေးချယ်ပေးသင့်သည်ဟုတွေးကာတစ်ပတ်လုံးလုံး သောကရောက်ရသလိုတာဝန်လည်းကြီးသည်ဟုခံစားနေရသည်။

သို့သော်အရေးအကြီးဆုံးအရာကထိုကိစ္စများကိုနေရောင်လွှမ်းအား မည်သို့ပြောထွက်နိုင်မည်ဆိုသည့်အရေးပင်။ ဘုန်းသျှန်ထက်ကပြောထွက်ခဲ့သည်ဆိုလျှင်တောင် နေရောင်လွှမ်းကခါးခါးသီးသီးဖြစ်ရှာပေလိမ့်မည်။

"ဦးသျှန် ဘာမှလည်းသေချာမစားဘူး ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား"

မျက်နှာမသာမယာရှိလှသောဘုန်းသျှန်ထက်၏ပုံစံကိုကြည့်၍ နေရောင်လွှမ်းစိတ်ပူစွာမေးလိုက်သည်။ မနက်စာ မစားခင်ကအထိအဆင်ပြေနေပုံရသဖြင့်ရုတ်တရက်ကြီး တစ်ခုခုများဖြစ်လေသလားဟုတွေးကာစိုးရိမ်မိရသေးသည်။

"ဦးသျှန် နေကောင်းပါတယ် ခေါင်းမကြည်ဘဲနည်းနည်းမူးချင်သလိုဖြစ်နေလို့ "

"ဒါဆိုဆေးသောက်မလား"

"ရတယ် အဲ့ဒါကအရေးမကြီးဘူး....အမ်...ငယ်လေး..."

ဘုန်းသျှန်ထက်ကသူ၏စကားကိုဆက်ရန်ပြင်နေပုံရသဖြင့်နေရောင်လွှမ်းကငံ့လင့်နေသည့်အမူအရာဖြင့်ဘုန်းသျှန်ထက်ကိုကြည့်နေသည်။ နေရောင်လွှမ်းကဤကဲ့သို့ ကြည့်နေပြန်တော့လည်း ဘုန်းသျှန်ထက်မှာသူပြောရမည့်စကားကို ပြောမထွက်တော့ပြန်ဘဲတွန့်ဆုတ်နေမိသည်။

"ပြောလေ ဦးသျှန်"

"အာ..ဟိုဟာ..ဦးသျှန်ကိုရေတစ်ခွက်လောက်ခပ်ပေးပါလား"

နောက်ဆုံးတော့ဘုန်းသျှန်ထက်ဟာဘုန်းသျှန်ထက်ပါပင်။ နေရောင်လွှမ်းနှင့်ပတ်သက်လျှင်သတ္တိမဲ့ကာတွန့်ဆုတ်နေတတ်သည့်သူတစ်ယောက် ဖြစ်နေဆဲပါပင်။

ALL I EVER NEED (Completed)Onde histórias criam vida. Descubra agora