Ep-5

2.9K 237 10
                                    

Unicode Version

ကန်တင်းရှိထိုင်နေကျဆိုင်တွင်တစ်ယောက်တည်းထိုင်ကာအအေးသောက်နေခိုက်တွင်နေရောင်လွှမ်း၏အနားသို့ ဆောင့်ကြွားကြွားအမူအရာဖြင့်မျက်နှာကိုမော့ချီထားပြီး လျှောက်လာသောမိန်းကလေးတစ်ဦးကိုအနားရှိလူများက တမေ့တမောငေးကြည့်နေကြသော်ငြားနေရောင်လွှမ်းကတော့မျက်နှာလွှဲလျက်သာ။

"ဟေး ဒီမှာတစ်ယောက်တည်းဘာထိုင်လုပ်နေတာလဲ"

"တရားထိုင်မလို့လေ အနှောင့်အယှက်တွေရန်ကလည်း ကင်းအောင်ပေါ့"

ရှင်းခေမီမှာသူမအားအနှောင့်အယှက်ဟုသွယ်ဝိုက်၍ရည်ညွန်းကာခပ်ရွဲ့ရွဲ့ပြောလာသောနေရောင်လွှမ်းကိုလုံးဝစိတ်မဆိုးမိဘဲချစ်ဖို့ကောင်းသည်ဟုပင်မြင်မိပါသည်။သူမမှာပြီးခဲ့သည့်စာသင်နှစ်တစ်လျှောက်လုံးနေရောင်လွှမ်းကိုနည်းပေါင်းစုံဖြင့်ချဉ်းကပ်ပြီးသူမအားစိတ်၀င်စားလာအောင် ကြိုးစားပါသော်လည်းထိုစက်ရုပ်လူသားမှာစိတ်ဝင်စားဖို့နေနေသာသာ စကားအကောင်းပင်ပြန်မပြောဖူးပါ။ ရတနာပုံတက္ကသိုလ်ကျောင်းဝန်းတစ်ဝိုက်တွင်သူမ၏အလှကို အသိအမှတ်မပြုသောသူမရှိပေ။ သို့သော်ဤလူသားကတော့ လုံးလုံးမျှအရေးမလုပ်ပေ။

သူမကြားထားသည့်သတင်းကနေရောင်လွှမ်းမှာအမှတ်ပိုမြင့်သည့်ကျောင်းမျိုးကိုတက်ရန်အခွင့်အရေးရှိသော်လည်းသူငယ်ချင်းများနှင့်မခွဲချင်သည်ကတစ်ကြောင်း၊ အခြားကျောင်းကိုရွေးဖြစ်ခဲ့လျှင်အဆောင်နေရဖို့အရေးများရှိသည်ဖြစ်ရာ အိမ်နှင့်မခွဲနိုင်သည်မို့နီးနီးနီးနားကိုသာ ရွေးဖြစ်ကြောင်းသိရသည်။ဤသည်ကပင်သူမနှင့်တွေ့ဖို့ အကြောင်းဖန်လာသည်မဟုတ်ပါလား။ သူမကတော့ထိုအကြောင်းကိုရေစက်ဟုသာ ယူဆသည်။

" လွှမ်းက အခုထိခေမီ့ကိုစိမ်းကားတုန်းနော်"

ရှင်းခေမီမှာနေရောင်လွှမ်းနှင့်ကပ်လျက်ခုံတွင်ပူးကပ်စွာ ဝင်ထိုင်ရင်းပြောလိုက်သောအခါနေရောင်လွှမ်းကအသားချင်းမထိအောင်တစ်ဖက်သို့ရှောင်ထွက်သွားပြီးစိတ်ရှုပ်သော အမူအရာမျိုးဖြင့်ရှင်းခေမီကိုပြန်ပြောသည်။

ALL I EVER NEED (Completed)Where stories live. Discover now