7.4K 407 16
Unicode
"ဟာမိုင်အိုနီ..နင် ဘာလို့ အော်ကြောလန် ဆတ်ဆတ်ကြဲ ဖြစ်​နေတာလဲ"
ဂျေကိုဗိုက်ရထားကြီး ဟော့ဝေါ့ကျောင်းကို သွားတဲ့ ခရီးစတင်မှာကို စောင့်ဆိုင်းနေတုန်း ရွန်က ဟာမိုင်အိုနီကို ခနဲ့သလိုနဲ့ မေးတယ်။ဒါနဲ့ပဲ ဟာမိုင်အိုနီရဲ့ စိန်းစိန်းဝါးဝါး အကြည့်ကို လက်ခံရရှိပြီး နောက်စေ့ကိုပါ အရိုက်ခံလိုက်ရတယ်။
"ဟေး"
အရိုက်ခံရတဲ့ နေရာကို အသာပွတ်ရင်း ရွန် က သူမကျေနပ်ကြောင်းကို အထစ်ထစ်အငေါ့ငေါ့ ပြန်ပြောတုန်း ဟယ်ရီကတော့ ခေါင်းကိုအသာရမ်းပြီး ရယ်နေခဲ့တယ်။ဟာမိုင်အိုနီရဲ့ အကြည့်စူးစူးက ရွန့်ဆီကနေ ဟယ်ရီ့ဆီရောက်လာတော့မှ ဟယ်ရီတစ်ယောက် ခုံနောက်ကို ခပ်ရို့ရို့တိုးထိုင်လိုက်တယ်။ဟာမိုင်အိုနီတို့များ ဒေါသက မကောင်းဆိုးဝါးတစ်ကောင်ကိုတောင် ဖြုံစေလောက်တယ်။ဟယ်ရီ့လက်တွေက သူ့ကိုယ်သူ ဟာမိုင်အိုနီရဲ့ ဒေါသရန်က ကာကွယ်တဲ့ ပုံစံလုပ်ပြတယ်။ဟာမိုင်အိုနီ ဟယ်ရီ့ကို ကြည့်နေရာက မျက်နှာလွှဲသွားတယ်။
မျက်နှာပေါ် ကပိုကရိုကျ​နေတဲ့ လှိုင်းတွန့်ထတဲ့ ဆံစညိုတွေကို ဟာမိုင်အိုနီ ဖယ်သပ်လိုက်တယ်။ပင့်သက်တစ်ချက် ရှိုက်ထုတ်၊ပြတင်းဘက်ကို ပြန့်လှည့်သွားပြီး ဒေါသရိပ်သန်းတဲ့ အကြည့်တွေကို အပြင်ဘက်မှာ ရှိတဲ့ ရှုခင်းတွေဆီကိုပဲ ပို့ထားတော့တယ်။
ဟယ်ရီ ရွန်ကို ဟာမိုင်အိုနီ ဘာဖြစ်နေတာလဲ သိလားဆိုတဲ့ စူးစမ်းတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ရွန်က မသိဘူးဆိုတဲ့ ပုံစံနဲ့ ပုခုံးတွန့်ပြပြီး မျက်နှာတစ်ဖက်လှည့်နေတဲ့ ဟာမိုင်အိုနီကိုကြည့်ပြီးတော့ သုန်မှုန်သွားတယ်။
"ဘာလား၊ငါကဖြင့် စကားတစ်ခွန်းပဲ ပြောရသေးတယ်။သူက ငါ့ခေါင်းကို ဆွဲဖြုတ်တော့မယ့် အတိုင်းပဲ"
ဟာမိုင်အိုနီ မကြားဘူး အထင်နဲ့ တိုးတိုးပြောလိုက်ပေမဲ့ ဆံပင်တွေပွထနေတဲ့ အပေါက်ဆိုးဆိုးအမျိုးသမီးငယ်ဆီရဲ့ မျက်စောင်းကြောင့် ရွန် စကားတောင် ဆုံးအောင် ဆက်မပြောနိုင်တော့ဘူး။ဒေါသကုမ္ဘန် ဟာမိုင်အိုနီ သူ့ကို ခေါင်းတခြား ကိုယ်တခြားဖြစ်အောင် တကယ် မလုပ်ခင် အခန်းထဲက ထပြေးတယ်။အဲ့တာနဲ့ပဲ ဟယ်ရီ တစ်ယောက်တည်း အခန်းထဲမှာ ဟာမိုင်အိုနီနဲ့ ကျန်ခဲ့တယ်။ဟယ်ရီတစ်ယောက် ကူကယ်ရာမဲ့သွားတယ်။
​ဘောင်ခတ်ပြီး​တော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်Where stories live. Discover now