Unicode
ပထမနှစ် ကျောင်းသားတွေကို ဦးဆောင်လမ်းပြပေးနေတဲ့ ဟက်ဂရစ်က ဟယ်ရီကိုတွေ့သွားတော့ ဖော်ရွေတဲ့ အပြုံးကြီးနဲ့ လက်ကို ဝှေ့ရမ်းပြီး နှုတ်ဆက်လာတယ်။ဟော့ဝေါ့ဆိုတာ ဟယ်ရီ့အတွက်အိမ်လိုပဲ။ဟယ်ရီ အိမ်ပြန်ရောက်လာလို့ ပျော်နေမိတဲ့ အပျော်ကြောင့် အင်မတန်စိတ်ဆတ်နေတဲ့ ဟာမိုင်အိုနီဆီမှာ အအော်ခံထားရတာကို သတိမရတော့ဘူး။ဟာမိုင်အိုနီကိုယ်တိုင်ကလည်း အခုတော့ သူ့ကို မကြောင်းမရှိ အကြောင်းရှာပြီး မကျေမနပ် ရန်လုပ်မနေတော့ပေမဲ့ အတောင်ပံပါတဲ့ မြင်းအနွယ်ဝင်တွေ(thestrals)ကတဲ့ ရထားလုံးဆီ သွားတဲ့လမ်းတစ်လျှောက်လုံး နှုတ်ခမ်းကြီး စူနေတုန်း။ရွန်နဲ့ ဟာမိုင်အိုနီတို့နှစ်ယောက်သား ရထားလုံးတစ်လုံးထဲ ဝင်ထိုင်လိုက်ကြပြီး ရထားလုံးက စထွက်တော့တာနဲ့ ဟယ်ရီက နောက်ရထားလုံးတစ်စီးမှာ စီးဖို့ဖြစ်လာတယ်။ရွန်က ဟယ်ရီ့ကို သူထိတ်လန့်နေတဲ့ ပုံစံနဲ့ လှမ်းကြည့်လာတော့ ဟယ်ရီက သနားတဲ့ အပြုံးကို ရေးရေးပြုံးပြလိုက်တယ်။ခေါင်းအခြောက်ခံစဉ်းစားကြည့်ဖို့တောင်မလိုဘူး။ဟာမိုင်အိုနီ တစ်ယောက် မာလ်ဖွိုင်းလှောင်တာခံထားရလို့ ဒေါသပြေဦးမှာ မဟုတ်ဘူးရယ်။ပြီးတော့ မာလ်ဖွိုင်းကလည်း ဟာမိုင်အိုနီရဲ့လက်က လွတ်အောင်ရှောင်နိုင်ခဲ့လို့ ဟာမိုင်အိုနီ မဲဖို့ လူတစ်ယောက်လိုနေတာ။သည်ပုံစံအတိုင်းဆို သနားစရာ ရွန်က အမဲခံရတော့မယ့်ပုံပဲ။
ဟယ်ရီ နောက်ရထားလုံးပေါ် တက်ဖြစ်သွားတယ်။ဒါပေမဲ့ ဟယ်ရီရှိနေတဲ့ ရထားလုံးထဲ ဝင်ဖို့ မာလ်ဖွိုင်းကလည်း တဖြည်းဖြည်းလှမ်းလာနေတော့ ဟယ်ရီ မရှောင်နိုင်တော့ဘူး။ခပ်ရဲရဲမျက်နှာနဲ့ လူဖြူကောင်လေးကြောင့် ဟယ်ရီ သုန်မှုန်သွားပေမဲ့ မာလ်ဖွိုင်းကတော့ ဟယ်ရီ့ကို လျစ်လျူရှုနေခဲ့တယ်။မာလ်ဖွိုင်း သိသိသာသာ တုန်ယင်နေခဲ့ပြီး သူလျှောက်လာတဲ့ လမ်းကို နောက်ပြန်လှည့်ကြည့်နေတယ်။ဟယ်ရီ မျက်မှောင်ကြုတ်ပြီး မာလ်ဖွိုင်းကြည့်တဲ့ေနကို လိုက်ကြည့်ပေမဲ့ ဘာမှ မတွေ့ရဘူး။မာလ်ဖွိုင်း ဘာကြောင်နေတာပါလိမ့်။ထားပါလေ။ဟယ်ရီ သူ့ရန်သူတော်ကြီးကို ဂရုစိုက်မနေချင်ဘူး။
YOU ARE READING
ဘောင်ခတ်ပြီးတော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်
Fanfiction❗Myanmar TrANslation❗ Completed,uploaded in both zawgyi and unicode. Unicode ဟော့ဝေါ့စ်ကျောင်းသားဘဝတစ်လျှောက်လုံးက ဟယ်ရီ့အတွက် သာမန်မဟုတ်ခဲ့ပေမဲ့ (၁၆)နှစ်သားအရွယ်ကတော့ သူ့အတွက် စိတ်ရှုပ်ထွေးချင်စရာ အကောင်းဆုံးနဲ့ အဆန်းကြယ်ဆုံးအချိန်ဖြစ်ခဲ့တယ်။ဟာမိုင...